Chapter 5

95 6 0
                                    

Over The Love
5 - Dear Boris.....

ကံကောင်းစွာပဲ Theo ရှေ့တန်း မထွက်ခင် ၃ရက်မှာ Mr. Decker ဟာ သင်္ဘောထွက်ခွာမှုကြောင့် London ကနေ ထွက်ခွာသွားခဲ့တယ်။ ကျွန်တော် Boris ကို London ခေါ်သွားခဲ့တယ်။

"Theo!!!!"
Boris က Theo ကို တွေ့တာနဲ့ ပြေးသွားလိုက်တာ...."
"ချော်....! လဲမယ်...."
Theo က Boris ကို ဖက်ပြီး ဝှေ့ရမ်းလိုက်တယ်။ သူတို့နှစ်ယောက်စလုံး မြက်ခင်းပေါ် လဲကျသွားတယ်။
"တော်တော်လေးလာတာပဲ...."
Theo က ပြောလိုက်တယ်။
"ငယ်ငယ်တုန်းကရော နိုင်တာ ကျနေတာပဲ"
အဲဒီနောက် သူတို့နှစ်ယောက် အလွမ်းတွေကြောင့်များလား.... အတိုးချပြီး အနမ်းတွေပေးနေကြလေရဲ့.....။

Theodore ဟာ အထက်လူကြီးတွေထံမှာ ခွင့်တောင်းပြီး ကျွန်တော်တို့တည်းတဲ့ hotel မှာ တစ်ညလိုက်နေခဲ့တယ်။
သူက Boris ရဲ့ အခန်းထဲမှာနေတယ်။ ကျွန်တော် ဒီညတော့ သူတို့နှစ်ယောက်ကို လွတ်လွတ်လပ်လပ်နေစေဖို့ ဘာမှပြောမနေတော့ပဲ ခွင့်ပြုလိုက်တယ်။

နူးညံ့တဲ့ထိတွေ့မှုတွေမှာ ခန္ဓာကိုယ်နှစ်ခုဟာ ပျော်ဝင်နေကြတယ်။ ဖြူဝင်းတဲ့ လရောင်အောက်မှာ ခန္ဓာကိုယ်နှစ်ခုဟာ နီးစပ်သထက်နီးစပ်လို့လာတယ်။ ခန္ဓာကိုယ်တွေတင်မက ဝိညာဥ်နှစ်ခုပေါင်းစည်းသွားသလို..... သူတို့ရဲ့ အချစ်တွေကို အလှပဆုံးနည်းလမ်းနဲ့ ဖော်ပြနေကြတယ်။ တခြားလူတွေ မသိရင်တောင် လမင်းကြီး နဲ့ ကြယ်လေးတွေက သူတို့ အချစ်ကို သက်သေခံပေးကောင်းပေးလောက်ပါရဲ့.....။

Theo ရှေ့တန်းကို သွားရမယ့် နေ့မှာ ကျွန်တော်နဲ့ Boris ဘူတာရုံကို လိုက်ပို့ခဲ့တယ်။
"စစ်ပွဲကြီး ပြီးသွားရင် ငါ့ဆီကိုရောက်အောင် ပြန်လာခဲ့ပါ"
လူတွေ ကွယ်ရာမှာ Boris က Theo ကို နှုတ်ဆက်အနမ်းတစ်ခုပေးလိုက်တယ်။
"ငါ သေချာပေါက် ပြန်လာမှာမို့လို့ စိတ်မပူပါနဲ့"
Theo ရထားပေါ်တက်ခါနီး Boris က သူ့လက်ကို လှမ်းဆွဲလိုက်တယ်။
"စာရေးနော်"
"အမြဲရေးမယ်"
Theo က Boris ရဲ့ နဖူးကို နူးညံ့စွာ အနမ်းပေးပြီး ရထားပေါ်တက်သွားတယ်။ ရထားမထွက်ခင် Theo က တခြားသူတွေနည်းတူ ရထားပြတင်းပေါက်ကနေ ငုံ့ကာ Boris ရဲ့ လက်ကိုကိုင်ထားတယ်။ ရထားအရှိန်ရလာတာနဲ့အမျှ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်၂ဖက်ဟာ ဖြည်းညင်းစွာ ပြေလျော့ပြီး ကွဲကွာသွားတယ်။

Over The Love ✔ [Completed]Where stories live. Discover now