Chapter 1

522 24 0
                                    

Over The Love
1 - The First Kiss in Christmas Eve

ကောင်လေးတွေက အရွယ်ရောက်မြန်ကြတယ်။ Boris နဲ့ Theodore ဟာ ကျွန်တော့် မျက်စိရှေ့မှာပဲ ၁၄နှစ်အရွယ်ရောက်လာတယ်။ သူတို့က အခု အပြင်မှာ ဆော့ရတာထက် ပြတိုက်တွေမှာ အချိန်ဖြုန်းရတာ, ဂီတကို လေ့လာရတာ, ငါမျှားရတာ လိုမျိုးတွေကို ပိုနှစ်သက်လာကြတယ်။ လွန်ခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော်တို့ ငါးမျှားထွက်ရင်း Boris က အရမ်းလှတဲ့ ငါးကြီးတစ်ကောင်ကိုမိသွားတယ်။ ငါးကြီးက ကြီးလည်းကြီး လှလည်းလှတော့ သူက မွေးချင်ခဲ့တာ ဒါပေမဲ့ Papa က မသိပဲ ကင်လိုက်တော့ သူစိတ်ဆိုးသွားရော.... မကြာပါဘူး ငါးကင်လို့လည်းပြီးရော အဲဒီငါးရဲ့အစိတ်အပိုင်းတော်တော်များများက သူစားလို့ ကုန်သွားတာ။

Christmas မတိုင်ခင် ကျွန်တော်တို့ boarding school ကနေ အိမ်ပြန်လာခဲ့တယ်။
"Mama!!!"
Boris က Mama ကို တွေ့တာနဲ့ ပြေးဖက်တော့တာပဲ။ သူ့ကိုလည်း ကြည့်ဦး!! လူက ကလန်ကလားနဲ့ ကလေးပေါက်စလေးလည်း မဟုတ်ပဲနဲ့....။
Mama ကလည်း သူ့သားအငယ်လေးကို တွေ့တာနဲ့ ပါးကို တရှုံ့ရှုံ့နမ်းတော့တာပဲ။ ကျွန်တော် မနာလိုတော့ မဖြစ်ပါဘူး Mama က အရမ်းကို သည်းသည်းလှုပ်နေတာ မို့လို့ နည်းနည်းတော့ အမြင်ကန့်လန့်ဖြစ်မိတာ အမှန်ပဲ။
"Dimitrii...."
"Hi mama...."
ကျွန်တော် ကတော့ သူမကို ဖက်ရုံပဲဖက်လိုက်တယ်။
"Theo လေး.... မင်းလည်း သွားတုန်းကထက် ထွားလာတာပဲ"
Theodore က ပြုံးရုံပဲ ပြုံးတယ်။ Mama ကတော့ သူ့ကို ဖော်ဖော်ရွေရွေနဲ့ ဖက်ပြီး နှုတ်ဆက်တယ်။

"ငါ့ကို တိုက်ခိုက်.... ငါ့ကို တိုက်"
ကျွန်တော် စာဖတ်နေတုန်း ဘေးမှာ မျောက်ရှုံးအောင် ဆော့နေတဲ့ ၂ယောက်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပေမယ့် ထိုကလေး ၂ယောက်ကတော့ သိတောင်မသိ။ အိမ်ရောက်တာ တစ်ရက်ပဲ ရှိသေးတယ် နှင်းတွေထူထူထဲထဲကျနေလို့ အိမ်ထဲမှာပဲ ဆော့ကြတဲ့ ၂ယောက်ကြောင့် တစ်အိမ်လုံး ဗြောင်းဆန်နေပြီ။

'ဝုန်း!'ခနဲ အသံတစ်ခုနဲ့ မျောက်မသားလေး ၂ယောက် တစ်ယောက်ပေါ် တစ်ယောက် ထပ်ပြီး ပြုတ်ကျသွားလေရဲ့...။ ကျွန်တော် ခေါင်းရမ်းလိုက်တယ်။ Boris ရဲ့ တဟားဟား ရယ်သံကြောင့်လည်း လိုက်ပြုံးမိပါသေး....။ ရုတ်တရက် ငြိမ်ကျသွားတဲ့ ကလေး၂ယောက်ကြောင့် ကျွန်တော် စာအုပ်ဖတ်နေရင်းက မသိမသာ လှမ်းကြည့်လိုက်တယ်။

Over The Love ✔ [Completed]Where stories live. Discover now