PROLOGUE

2.1K 36 0
                                    

Over The Love
Prologue

ကျွန်တော်တို့ ငယ်ငယ်ကတည်းက အိမ်နီးချင်းဖြစ်တဲ့ Theodore Decker ဟာ Pavlikovsky စံအိမ်ကို မကြာခဏ အလည်အပတ်လာရောက်လေ့ရှိတယ်။ သူနဲ့ ကျွန်တော်က အရမ်းမရင်းနှီးပေမယ့် ကျွန်တော့် ညီ Boris နဲ့တော့ ရင်းနှီးကြတယ်။ Theodore က ကျွန်တော့်အမြင်မှာတော့ တဇွတ်ထိုး နိုင်တဲ့ ကလေးတစ်ယောက်ပဲ။ သူက အမိန့်တွေကို နာခံရမှာ မုန်းပေမယ့် စည်းကမ်း ချိုးဖောက်ရမှာကိုတော့ ကြိုက်တယ်။

"Dimitrii.... ကောင်လေးတွေကို သွားရှာဦး ညနေစောင်းနေပြီ"
Papa က ကျွန်တော့်ကို ပြောတယ်။
သူတို့နှစ်ယောက်က အပြင်မှာ ဆော့ကစားရတာ ကြိုက်ပေမယ့် ကျွန်တော်ကတော့ အိမ်ထဲမှာ ငြိမ်ငြိမ်ဆိမ်ဆိမ် စာဖတ်ရတာကို သဘောကျတယ်။

"Borya.... Theodore...."
ကျွန်တော် သူတို့ကို ခြံဝင်းထဲမှာ လိုက်ရှာကြည့်တယ်။ ရှာမတွေ့.....။
ခြံဝင်းအနောက်ဘက်မှာ တောအုပ်ငယ်လေး တစ်ခုရှိတယ်။
ကျွန်တော် အဲဒီကို ဝင်သွားလိုက်တယ်။
"Borya.... မှောင်တော့မယ်"
တောအုပ်ထဲက စမ်းချောင်းထဲမှာ သူတို့နှစ်ယောက် ရေကစားနေကြတာကို ကျွန်တော်တွေ့တယ်။
"မင်းတို့ နှစ်ယောက်!!!! ကြည့်စမ်း စိုကုန်ပြီ"
ကျွန်တော် ပြောလိုက်တော့ Boris က ရယ်ရင်း ကျွန်တော့်ခါးကိုလာဖက်တယ်။
"အိမ်မပြန်ချင်သေးဘူး...."
"မပြန်လို့ မရဘူး လာ...."
Boris မျက်နှာလေး ရှုံ့မဲ့သွားတော့ ကျွန်တော် သူ့နှာခေါင်း ချွန်ချွန်လေးကို အသဲယားစွာ ဆွဲလိုက်တယ်။
"Teo.... ငါတို့နဲ့ ညစာ အတူလိုက်စားပါလား"
Theo ရဲ့ နာမည်ကို Boris ခေါ်လိုက်တိုင်း Teo ဖြစ်သွားတာ ဘာကြောင့်ရယ်တော့မသိ။
"အင်း စားမယ်လေ"
Theodore က ပြုံးရွှင်စွာပြောတယ်။ Theodore ရဲ့ အမေ က သူငယ်ငယ်ထဲက မီးဖွားရင်း သေဆုံးခဲ့တာ ဖြစ်တယ်။ သူ့အဖေက သင်္ဘော Captain တစ်ယောက် ဖြစ်တာကြောင့် အိမ်မှာ သူ့မိထွေးနဲ့ အစ်မဖြစ်သူပဲရှိတယ်။ ယောက်ျားလေးအဖော်မရှိတဲ့ Theodore ဟာ ကျွန်တော်တို့ အိမ်မှာပဲ အချိန်ဖြုန်းတတ်တယ်။

"ဒါစားကြည့် ကောင်းတယ်"
Boris က Theodore ရဲ့ ပန်းကန်ထဲကို အသားတုံးတစ်တုံး ထည့်ပေးလိုက်တယ်။ Mama နဲ့ Papa ကတော့ သဘောကျစွာရယ်လိုက်ပေမယ့် ကျွန်တော်ကတော့ မကျေနပ်စွာ မျက်စောင်းထိုးမိတယ်။ Boris ဆိုတဲ့ ကောင်လေးဟာလေ မိသားစုနဲ့သာ ဆိုးတာ Theodore Decker ကိုကျ သိတတ်လိုက်တာမှ....။

ဒီနှစ် နွေရာသီပြီးလို့ ကျောင်းပြန်တက်ရင် ဒီကလေး ၂ယောက်နဲ့ ကျွန်တော် ကျောင်းပြန်တက်ရမှာ.....။ အဆောင်နေကျောင်းမို့လို့ ကျွန်တော်နဲ့ သူတို့ခွဲနေရမှာ ဆိုပေမယ့် အရင်ကလောက်တော့ ကျွန်တော် လွတ်လပ်တော့မယ် မထင်ဘူး။

အိမ်နဲ့မခွဲဖူးတဲ့ Boris ကတော့ mama ရဲ့ ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင်ငိုနေပေမယ့် Theodore ဆိုတဲ့ ကောင်လေးကတော့ အကြောတင်းစွာပဲ သူ့အစ်မလက်ကိုဆွဲကာ မျက်ရည်တစ်စက်မှ မကျပဲ လိုက်လာတယ်။
"အဆင်ပြေမှာပါ အဆင်ပြေသွားမှာပါ သားလေးရယ် ဟိုမှာသူငယ်ချင်းတွေ အများကြီး ရလာမှာ....
Theo လေးလဲ ရှိနေတာပဲ"
Mama ရဲ့ စကားကို ကြားတော့ Theo က Boris အနားကိုလာပြီး Boris ရဲ့ လက်ကိုကိုင်လိုက်ကာ ပြောတယ်။
"ကျွန်တော် Borya ကို စောင့်ရှောက်ပေးမှာမို့လို့ စိတ်မပူပါနဲ့"
Mama က ပြုံးပြီး Theodore ရဲ့ ခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်တယ်။
"ကျေးဇူးပါပဲ Theo လေး"
Papa ကတော့....။
"Hey Boris!"
Papa ခေါ်လိုက်တာကြောင့် Boris က မော့ကြည့်လိုက်တယ်။
"ယောက်ျားဆိုတာ လွယ်လွယ်နဲ့ မျက်ရည်မကျရဘူးကွ"
"ဟုတ်.... ဟုတ်ကဲ့ Papa"
Boris က တရှုံ့ရှုံ့ နဲ့ ရှိုက်နေရင်း ပြန်ပြောတယ်။ ပြီးတော့ သူ့ရဲ့ မျက်ရည်တွေကို လက်နဲ့ဖိသုတ်လိုက်တယ်။
"ဒါမှ ငါ့ကောင်လေး...."

ရထားထွက်တဲ့အချိန်မှာတော့ Mama မြင်ကွင်းထဲက မပျောက်မချင်း Boris ဟာ လက်ပြ နှုတ်ဆက်နေလေရဲ့....။
"Bye Mama..... bye bye"
Mama က flying kiss တစ်ခုနဲ့ နှုတ်ဆက်လိုက်တယ်။ ရထားပေါ်မှာတော့ Theodore နဲ့ Boris တို့ဟာ တစ်ယောက် နဲ့ တစ်ယောက် မှီရင်း အိပ်ပျော်သွားကြလေရဲ့....။

Over The Love ✔ [Completed]Tahanan ng mga kuwento. Tumuklas ngayon