Chapter 2

193 12 0
                                    

Over The Love
2 - The Mermaid

ကျွန်တော် Oxford မှာ တက္ကသိုလ်ဝင်ခွင့်ရပြီးနောက် မကြာခင်မှာပဲ တက္ကသိုလ်သွားတက်ဖို့ပြင်ဆင်ရတယ်။ ဒီနှစ်နွေရာသီပြီးရင် ကျွန်တော်က Oxford မှာ တက္ကသိုလ်တက်ရမှာဖြစ်ပြီး Boris နဲ့ Theodore တို့ကတော့ boarding school ကိုပဲ ပြန်သွားကြရဦးမှာဖြစ်တယ်။

ကျွန်တော် Oxford ကို မသွားခင်ညမှာ Boris က ကျွန်တော့် အခန်းထဲကိုလာတယ်။
"Dimitrii...."
"Oh Borya.... ဘာကိစ္စရှိလို့လဲ"
Boris က ဘာမှမပြောပဲ ကျွန်တော့် ဘေးနားမှာ လာအိပ်တယ်။
"ဘာဖြစ်လို့လဲ??"
"အခု အစ်ကိုက ကျွန်တော်တို့နဲ့ အဝေးကြီးကို ထွက်သွားတော့မှာ...."
"မဝေးပါဘူး Borya ရဲ့
ပြီးတော့ အဲဒီမှာ အမြဲတမ်းနေမှာမှ မဟုတ်တာ...."
"မတူဘူးလေ"
ဟုတ်သားပဲ ဘယ်တူပါ့မလဲ။ boarding school မှာတုန်းက သူနဲ့ Theodore က အားလပ်ချိန်တိုင်း ကျွန်တော့်ကို လာတွေ့နေကျပေါ့။ Boris ငယ်ငယ်က ကျွန်တော် ကျောင်းသွားတော့ သူက ကလေးပဲ ရှိသေးတာ ပြီးတော့ အိမ်က မိသားစုတွေကြောင့် သူ့အတွက် ကျွန်တော်နဲ့ခွဲခွာရတာက အရမ်း ဝမ်းနည်းစရာကောင်းခဲ့ပုံမပေါ်ဘူး...။ ဒါပေမဲ့ အခုချိန်မှာတော့ သူက အရွယ်ရောက်ပြီး ခွဲခွာမှုဆိုတာလည်း နားလည်တဲ့ အရွယ်ဖြစ်နေပြီ။ ကျောင်းမှာ အစ်ကိုမရှိတော့မှာကို တွေးပြီး သူ ဝမ်းနည်းသွားတယ်ထင်ပါရဲ့.....။
"Theodore ရှိတယ်လေ Borya ရယ်
မင်း အထီးမကျန်ပါဘူး"
"Teo က.... အဲဒါလည်း မတူဘူးလေ"
ကလေးလေးလို ဂျီလာကျနေတဲ့ Boris ကြောင့် ကျွန်တော် ရယ်မိတယ်။ နောက်ပြီး သူ Theo နာမည်ကို ပီပီသသ မခေါ်တတ်သေးတာလား အကျင့်ပါနေပြီလားပဲ။ အခုထိ Teo ဖြစ်နေတုန်းပဲ။
"Borya.... အစ်ကိုက အမြဲ သွားမှာမှ မဟုတ်တာ
အိမ်လည်း ပြန်လာမှာပဲ
အရင်ကလို အမြဲတမ်း မတွေ့ရဘူး ဆိုလည်း....
မင်း အစ်ကို့ဆီကို စာရေးလို့ ရတယ်လေ"
"တကယ်လား...."
"ဟုတ်တာပေါ့
စာရေးပြီးပို့လေ အစ်ကိုလည်း စာပြန်မှာပေါ့"
"Okay....."
ကျွန်တော် Boris ရဲ့ နဖူးကို ခပ်ဖွဖွနမ်းလိုက်တယ်။
"Good night Borya...."
"Good night Dimitrii...."

Boris က ကျွန်တော့်ကို အမြဲလိုလို စာပို့တယ်။ စာထဲမှာ အိမ်ကအကြောင်းတွေ ကျောင်းက အကြောင်းတွေ နောက်ပြီး Theodore အကြောင်းကတော့ အမြဲမပါမဖြစ်ပေါ့....။ ပထမဆုံးအကြိမ် ကျွန်တော် တက္ကသိုလ်ကနေ အိမ်ပြန်လာတာ Christmas အချိန်ပါပဲ။ Boris က သူမွေးထားတဲ့ ယုန်လေးကို Poppy လို့ နာမည်ပေးခဲ့တယ်။ ကျွန်တော် အိမ်ပြန်တော့ Poppy ကို မတွေ့လို့....။
"Poppy ဘယ်မှာလဲ"
ကျွန်တော် Boris ကို မေးလိုက်တယ်။ ရုတ်တရက် Boris ရဲ့ မျက်နှာက မဲ့သွားပြီး မျက်ရည်တွေဝိုင်းလာတယ်။ ပြီးတော့ ငိုပြီး အိမ်အပေါ်ထပ်ပြေးတက်သွားတယ်။ ကျွန်တော်ကြောင်တောင်တောင်နဲ့ Theodore လှမ်းကြည့်မိတယ်။
"သနားစရာကောင်လေးက အသက်မရှည်ဘူးလေ"
"Oh...."
အရမ်းဆိုးတဲ့ အစ်ကိုတစ်ယောက်လို ဘာလို့ ခံစားလိုက်ရှိပါလိမ့်။

Over The Love ✔ [Completed]Opowieści tętniące życiem. Odkryj je teraz