အပိုင်း (၂၉)

Start from the beginning
                                    

ဒီနေ့ကတော့ ကိုကိုနဲ့မြတို့ရဲ့ dayပဲ...။
မနက်ခင်းအတန်းချိန်က တစ်ချိန်ပဲရှိတဲ့အပြင် ညနေပိုင်းက အားကစားပွဲတွေရှိတာမို့ တစ်ချိန်တည်းရှိတဲ့အတန်းကို လစ်ပြီလေ။
ဆိုင်ကယ်ကို သူငယ်ချင်းအဆောင်မှာ အပ်ခဲ့ပြီး
ကိုကိုနဲ့လျှောက်လည်မယ်လေ....။

''ရှင့်လူကြီးက ဘယ်ကိုလာခေါ်မှာလဲ
အဆောင်ကိုလာခေါ်မှာတဲ့လား''

ဟေသာကတော့ကျောင်းသွားမှာမို့ ဖြီးလိမ်းပြင်ဆင်ကာ လွယ်အိတ်ကိုကိုင်ရင်းထွက်လာသည်။
သူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိပေမဲ့ အခုနောက်ပိုင်း မြရဲ့အချိန်တွေကို ကိုကိုနဲ့သူ့ကိုမနည်းခွဲပေးနေရသည်။

''အေး ဒီကပဲစောင့်တော့မယ်
လာနေပြီတဲ့
စာသင်တာကို recordလိုက်မှတ်ပေးထားဦးနော်
ဟီးဟီး''

''အေးပါ အေးပါ''

ဟေသာနဲ့တူတူသူ့အဆောင်ထဲကလိုက်ထွက်ရင်း
ဟေသာကကျောင်းကိုသွား မြကတော့ ကိုကိုလာခေါ်တာကိုစောင့်နေလိုက်သည်။
ဒီကိုမလာခင် ပုံနှိပ်တိုက်ကစာအုပ်တွေကိုအရင်ဝင်ယူနေတာမို့ နောက်ကျမယ်လို့ကြိုပြောထားတာမို့
မြဘာသာဖုန်းကြည့်ရင်းစောင့်နေလိုက်သည်။
ကိုကိုနဲ့ မြဆိုသည်မှာလည်း တစ်မြို့တည်းနေရပြန်တော့ ကျောင်းချိန်အလုပ်ချိန်ညှိနေရသည့်အပြင်
အိမ်ကမမိအောင် လှည့်ပတ်ချိန်းရသေးသည်။
ဒီကြားထဲ ကိုသုတတို့အတွဲကရန်ထထဖြစ်လို့ ညှိပေးရသေးသည်။
ဟိုတလောကလည်း ရန်ဖြစ်တာ ဆေးရုံထဲထိလိုက်ချော့လို့ ဆေးရုံထဲမှာသို့လောသို့လော သတင်းတွေထွက်လာသေးသည်။

မြဇာတ်ရှုပ်ထားတဲ့ ဇာတ်လမ်းကြီးက သပွတ်အူကြီးလိုဖြစ်တော့မှာကို ကြိုတွေးမိနေပြီး တချို့ညတွေဆိုအိပ်တောင်မပျော်တော့။

အခုလည်း ig သုံးနေရင်း ကိုကြီးရှင်းသန့်အကောင့်မှတင်ထားသော ပုံလေးတွေကိုကြည့်နေမိသည်။
ကိုကြီးရှင်းသန့်သည်
ကိုသုတနဲ့ ဒိတ်တိုင်း memory အဖြစ် မသိမသာနဲ့ပုံလေးတွေတင်တတ်သေးသည်။
စေ့စပ်ထားတာကို ပြန်ဖျက်နိုင်မဲ့နည်းလမ်းမြန်မြန်ရှာပြီး လွတ်လွတ်လပ်လပ်ပဲနေချင်တော့သည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now