အပိုင်း(22)U/Z

Start from the beginning
                                    

ခန့်ပိုင်ဆိုသော ဇွဲစကားကြောင့်  တည်တံ့ဉီးနှောက်ထဲကို
သေနတ်နှင့်ပစ်လိုက်သလို ဒိန်းကနဲ့နေသွားရသည်။ စိတ်၏ အသိစိတ်နှင့်အတူ ကုတင်ဘက်ကိုလှည့်ကြည့်လိုက်တော့  ရင်ထဲမှာလန့်သွားရသည်။ကုတင်ပေါ်မှာ ခန့်ပိုင်ကရှိမနေခဲ့ဘူး  ဒါကိုဝင်လာကထဲက သတိမထားမိခဲ့ပါ။ ကုတင်ပေါ်တွင်ခန့်ပိုင်မရှိသည့်အပြင်  စောင်တွေကလည်း သပ်ရပ်စွာ ခေါက်ထားသေးသည်။ အောင်ဆီဂျင်ဘူးတွေကပါ ရှိမနေတော့ တခြားခန့်ပိုင်ကိုတပ်ထားရသော စက်ပစ္စည်းတွေပါ ရှိမနေတော့ပါ။

"ဇွဲ...ခန့်ပိုင်ဘယ်မှာလဲ..ဘယ်ကိုခေါ်သွားကြတာလဲ ..ငါကွာ..."

ဇွဲကိုမေး၍   အုတ်နံရံတွေကို လက်သီးတွေနှင့်ထိုးပြီး နာကျင်စွာအော်ငိုမိသည်။ ခန့်ပိုင်လင်းဆိုတဲ့ကောင်က ဒီလိုလွယ်လွယ်နဲ့ထွက်သွားရမဲ့ ကောင်မဟုတ်ဘူး။
ဟင့်အင်း တည်တံ့မယုံနိုင်ဘူး မယုံနိုင်ခြင်းနှင့်အတူ  သူငယ်ချင်းတစ်ယောက်လုံးကို နောက်ထပ်မတွေ့ရတော့ဘူး အတွေးတွေဝင်လာခဲ့သည်။ မျက်ရည်တွေက ကျမလာတော့ပဲ ခွေကနဲ့ပစ်လဲကြရသည်။  အားတင်းထား၍ မျှော်လင့်ထားသမျှ ရေထဲကို မျောပါသွားရသောခံစားချက်ကြီးဝင်လာရသည်။

"ငါ..မယုံဘူး..ဇွဲ...ခန့်ပိုင်ကဘာမှမဖြစ်ရဘူး...ငါ့ကိုမစပါနဲ့ဇွဲရာ..မင်းနဲ့ငါ့ကိုထားသွားပြီး ...ခန့်ပိုင်ကထွက်မသွားဘူး..."

ဇွဲကိုမယုံဘူးဟု  ဘူးခံချင်နေသောလည်း   ကြောက်နေရသည်။ တကယ်ကြီးသာ ထွက်ခွာသွားတာဆိုလျှင် တည်တံ့ဖြေသိမ့်နိုင်မှာမဟုတ်ပါ။ ရင်ထဲမှာစို့နင့်လာသည့်နှင့်အမျှ  သောကတွေများလာရသည်။

" ဟျောင့်..တည်တံ့ ..ဘာဖြစ်တာလဲ...စိတ်ကိုထိန်းစမ်း..တည်တံ့ငါရှိတယ်...ခန့်ပိုင်ဘာမှမဖြစ်ဘူး...ငါပြောမယ်သေချာနားထောင်..."

ဇွဲမှာတည်တံ့ဖြစ်နေတာကိုအူကြောင်ကြောင်ဖြစ်ရသည်။ ဇွဲပြောတာကိုဆုံးအောင်နားမထောင်ပဲ ဇွတ်တွေငိုပြီး ခံစားနေရှာသည်။ ခန့်ပိုင်သတိရလာတာကြောင့် ဇွဲမှာဝမ်းသာ၍ ငိုမိနေတာဖြစ်၏။ ထိုအချိန်မှာ  တည်တံ့က ဝင်လာတာကြောင့်   သူ့ကိုမြင်၍ ပိုငိုမိတာဖြစ်သည်။ဒါကိုအထင်လွဲပြီး တည်တံ့ကပါ ငိုနေတာဖြစ်၏။ အခြေအနေဆိုးလာတာကြောင့် ဇွဲမှာချူပ်၍  ရှင်းပြရတော့သည်။

Doctor  Husband (Complete)Where stories live. Discover now