အမေက ဒူးမထောက်ရုံတမယ် လက်နှစ်ဖက်ကို အုပ်ချီကာ ငိုကြွေးလျှက် အသနားခံနေခဲ့သည်။

ထိုသို့ပြောလိုက်တဲ့အခါ အဖေက အမေ့နောက်မှာ ရှိတဲ့ သူ့မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်ပြီး ရယ်လိုက်ပါသည်။

"ဟော မင်းရဲ့သားအတွက် အဖေလိုနေတာများ...နောက် ယောကျာ်းယူလိုက်ပေါ့ကွာ ကျစ်!"

ငိုနေရင်းမှ မယုံနိုင်သလို မော့ကြည့်လာသော အမေ့မျက်ဝန်းတွေနီရဲနေခဲ့မှန်း Rickyမှန်းဆ၍ရနိုင်၏။

"ရှင်..ကျွန်မ သိက္ခာကို မစော်ကားနဲ့!!"

"ဟ! မင်းအရင် ငါ့ကို ပြဿနာလာရှာတာမဟုတ်ဘူးလား ဟမ်! ဘာလဲ ဒီပွဲမှာ မင်းက မယားကြီးပါဆိုပြီး မင်းရဲ့သားကို ခေါ်လာပြီးကြော်ငြာမလို့လား"

ထိုသို့အခြေအတင်ဖြစ်နေကြသော အသံအနေအထားမှာလဲ တဆတဆ ကျယ်လောင်လာခဲ့သည်။ သူတို့အခုရောက်ရှိနေသော စင်္ကြန်လမ်းလေးက လူကင်းစင်၍ မည်သူတစ်ယောက်မှ ထိုစကားများကိုမကြားနိုင်၍သာတော်သေးသည်ပြောရမည်....

"ရှင့်ပါးစပ်ကိုပိတ်ထား!!! ကျွန်မသားကို ရှင်ဘာမှ ပြောစရာ အကြောင်းမရှိဘူး!!"

"ဟုတ်တယ်!! အခုတော့ ပြောနေရပြီလေ! မင်းရဲ့သားက အစကတည်းကမွေးဖွားမလာသင့်တာ!!"

‌Rickyခြေလှမ်းများ နောက်သို့ ယို့သွားသည်။သေးငယ်သော သူ့မျက်ဝန်းကလေး များဟာ အနည်းငယ် ဝိုင်းစက်သွားပြီးနောက် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။လက်ဖဝါးငယ်လေးဟာ တုန်ရီရင်း သူ တအားဝမ်းနည်းလာခဲ့ပါသည်။

အရွယ်နှင့်မလိုက်အောင် ငယ်ငယ်ကတည်းက တခြားသူတွေရဲ့အရိပ်အကဲကြည့်ရင်းနေထိုင်လာခဲ့ရတာမို့ ၁၁နှစ်အရွယ်ကလေးတစ်ယောက်က ထိုစကားအား နားလည်နိုင်သည်။

"သား...သားလေး ဘာမှမဖြစ်ဘူး။အမေတို့ပြန်ကြမယ်နော်...အမေတို့ပြန်ကြမယ်"

တိတ်ဆိတ်သော စင်္ကြန်လမ်းလေးတစ်လျှောက် သူတို့သားအမိနှစ်ယောက်ထဲသာ ဖြေးညှင်းစွာလျှောက်နေကြသည်။

အမေဘာတွေများ တွေးနေသလဲ Rickyမသိပါ။တောက်လျှောက် ငိုနေသော အမေ့မျက်လုံးများ နီရဲ ဖောင်းကြွနေသည်တော့ သူမြင်ရသည်။

Fallin'Harder Where stories live. Discover now