အခန်း (၁၃)

Start from the beginning
                                    

ဂေဟာကို စတင်ထူထောင်လိုက်တည်းက ပင်မ အလှူရှင်တွေအဖြစ် ဦးမင်းမျိုးနွယ် နဲ့ ဒေါ်မြသွေးရံခြယ်တို့က ပံ့ပိုးကူညီခဲ့တာ အခုဆို နှစ်တွေအများကြီးတောင် ကြာခဲ့လေပြီ။ ဒေါ်မြသွေး ပိုက်ဆံအိတ်ထဲက ငွေကျပ်ဆယ်သိန်း ထုတ်ကာ ကြီးမြလက်ထဲသို့ ထည့်ပေးလိုက်သည်။

" ကြီးမြ...ဒါက ဂေဟာအတွက် ပိုပိုလိုလိုသုံးရအောင် အသုံးစရိတ်လေး။ ကျွန်မတို့ လာမဲ့ တနင်္လာနေ့ကျရင် ဂေဟာမှာ မနက်စာ၊ နေ့လည်စာ၊ ညစာ တာဝန်ယူမယ်နော်။ ကျွန်မတို့ သားလေးရဲ့ အသက် (၂၀) နှစ်ပြည့် မွေးနေ့မို့ ဂေဟာလေးမှာ အလှူလုပ်ချင်လို့ပါ "

" မမြသွေးတို့ သားတောင် အဲ့အရွယ်ကို ရောက်လာပြီပေါ့။ ကလေးတွေများ ကြီးထွားကြတာ မြန်လိုက်ကြတာရှင်။ ဟုတ်ပါပြီ...ဒါဆို လာမဲ့ တနင်္လာနေ့ကို မမြသွေးတို့ အလှူရှင်အဖြစ် ကြိုဖယ်ပေးထားပါမယ် "

" ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး "

" ကောင်းပါပြီရှင်...လမ်းလည်း ဂရုစိုက်မောင်းသွားကြပါ "

" ကြီးမြ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။ ဒါဆို ကျွန်မတို့ ပြန်တော့မယ် "

" ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပေါ့ရှင်။ မမြသွေးတို့လည်း ဂရုစိုက်ပါ။ ကဲ ကဲ...ကား ဂရုစိုက်မောင်းကြ "

ဂေဟာဝန်းလေးထဲကနေ ဒေါ်မြသွေးရံခြယ် တို့ ကားလေးဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
💙

မနက် (၈) နာရီ အလုပ်ချိန်ပြီးတော့ ပုံရိပ် ဟိုတယ်လေးထဲကနေ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ဟိုတယ်ရှေ့လေးမှာ ကြိုရောက်နှင့်နေသည့် မောင့်ကိုမြင်လိုက်ရတော့ ပုံရိပ်မျက်နှာလေး ပြုံးသွားရသည်။ မောင့်ဆီသို့ ခြေလှမ်းလေး ခပ်ကျဲကျဲနှင့် ပုံရိပ် လှမ်းလျှောက်လာခဲ့သည်။

ထို့နောက် မောင့်ရဲ့ ပခုံးလေးကို ပြေးဖက်လိုက်လေသည်။ ဘယ်ချိန်ကတည်းက ကျချင်နေမှန်းမသိတဲ့ မျက်ရည်စ အချို့ မောင့်ရဲ့ ပခုံးလေးပေါ်သို့ ခုန်ထွက်လာခဲ့သည်။ ပြိုမဲ့မိုးလေး သည်းတော့မလိုပင်။

" ပုံရိပ်...ပုံရိပ်။ ဘာဖြစ်လာတာလဲဟင်။ ငိုနေတာလား "

ပခုံးထက်ဆီက ပုံရိပ်မျက်နှာလေးကို လက်ကလေးနှစ်ဖက်နှင့် မ သယ်လိုက်သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now