အခန်း (၁၁)

Começar do início
                                    

ခေတ်သစ်ဆီက အမှာစာရင်းကို မှတ်ပြီးနောက်တော့ ကောင်တာလေးဆီ အမှာပို့လိုက်သည်။

" ယံယံရေ၊ ခဏ လာဖျော်ပေးပါဦး။ မမ အနောက် ခဏသွားချင်လို့ "

ကော်ဖီဖျော်တတ်သေးတဲ့သူဆိုလည်း ဒီယံပျိုးသာ ရှိသေးတာမို့ မမိုးစက်က ခဏလက်လွှဲခဲ့သည်။

ထို့နောက်တွင်တော့ ကော်ဖီဖျော်ဖို့ ဒီယံပျိုး စတင်ခဲ့သည်။ ကော်ဖီစိလေးများကို ကြိတ်စက်လေးထဲသို့ ထည့်ကြိတ်လိုက်သည်။ ကြိတ်စက်ထဲကထွက်လာတဲ့ ကော်ဖီအမှုန့်လေးတွေကို ပိုပြီးကျေညက်အောင် Press (ဖိ) လိုက်သည်။ ထို့နောက် ထိုအမှုန့်လေးတွေကို ကော်ဖီဖျော်စက်ထဲသို့ထည့်ကာ ဆိုင်ရဲ့သီးသန့် စပ်ထားတဲ့ နွားနို့၊ သကြား၊ နို့ဆီ၊ ခရင်မ်မီ တို့ကို အချိုးကျကျရောစပ်ထားတဲ့ အရောအနှောတို့ကို ထိုကော်ဖီဖျော်စက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက်တွင်တော့ ထိုစက်ထဲကနေ ကော်ဖီခွက်လေးထဲသို့ ကော်ဖီအရည်များ စီးကျလာတော့သည်။ ခါးဆိမ့်ဆိမ့်ဆိုတဲ့ အရသာဖြစ်လို့ Press လုပ်ထားသည့် ကော်ဖီမှုန့်အနည်းငယ်ပိုထည့်ကာ နို့စိမ်းထပ်ရောနှောလိုက်သည်။

ထို့နောက်တွင်တော့ သောက်ချင်စရာ အတိဖြစ်နေသည့် Love Coffee ခါးဆိမ့်ဆိမ့်လေး တစ်ခွက်ရရှိလာခဲ့သည်။ လွှမ်းက သူ့ဆီက ကော်ဖီခွက်လေးကို ခေတ်သစ်တို့ဝိုင်းကို လာချပေးခဲ့သည်။

အနံ့လေးနဲ့တင် ခါးသက်သက်အနံ့လေးက သင်းပျံ့နေတာမို့ စွဲမက်ဖွယ် ဆွဲဆောင်နိုင်လွန်းသည်။ ခေတ်သစ် ကော်ဖီအနံ့လေးကို ဦးဆုံးရှုရှိုက်ပြီးတော့ တစ်ငုံစာလောက်လေး မြည်းစမ်းကြည့်လိုက်သည်။

ကော်ဖီ အစက်လေးတစ်ချို့ ပါးစပ်ဖျားလေးထဲသို့ စီးကျသွားချိန်တွင် ခေတ်သစ် တကိုယ်လုံးကြက်သီးမွှေးများ ဖြန်းကနဲ ထသွားရလောက်အောင် ကော်ဖီအရသာက စွဲမက်စွာကောင်းရက်လွန်းလှသည်။

" ဟား...သိပ်ကောင်းပါလားကွာ။ ခါးစိမ့်စိမ့်နဲ့ ဒီအရသာကို ငါဘယ်လိုဖော်ကျူးရမလဲတောင် မသိတော့ဘူး "

" ဟုတ်တယ် ခေတ်သစ်ရ၊ ဒီဆိုင်က Love Coffee က သိပ်သောက်လို့ကောင်းတာ။ ငါနဲ့ ငါ့ကောင်မလေးဆို ရံဖန်ရံခါ အေးအေးလူလူ ဒီမှာပဲ လာနှပ်ကြတာ။ ကော်ဖီအရသာလေး သိပ်ကိုကြိုက်လွန်းလို့လေ "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Onde histórias criam vida. Descubra agora