Part-18

160 22 7
                                    

ဂျောင်ဝူးအခုဆိုးလ်ဆေးရုံကြီးရဲ့
VVIPအခန်းထဲကကုတင်ပေါ်မှာ
လှဲအိပ်နေရသည်...
ရူတိုကဘေးနားကသူစားဖို့အသီးမျိုး
စုံကိုလှီးခွဲပေးနေသည်...

"ရူတိုရား...ငါသက်သာနေပြီပြန်ကြ
ရအောင်နော်"

"ဟင်းးး....."

ရူတိုရင်မောစွာသက်ပြင်းရှိုက်လိုက်
မိသည်...

"အချစ်...ဆရာဝန်ပြောသွားတယ်လေ
အားနည်းနေတာမိုကောင်းကောင်း
အနားယူရမယ်ဆိုပြီး"

"အိမ်မှာနားလဲရတာပဲကို"

"ဒီမှာကပိုအဆင်ပြေတယ်လေအိမ်မှာက
တစ်ခုခုဆိုကိုယ်စိတ်ပူနေရမှာ"

"...."

ဂျောင်ဝူးဘာမှ‌ဆက်မငြင်းချင်တော့ပေ
ရူတိုစိတ်ကိုလဲသူနားလည်တာမို့...

"ရော့...အသီးလေးစားဦး"

"အင်း"

ဂျောင်ဝူးအသီးစားရင်းအတွေးထဲ
မြောသွားမိသည်...

အဲ့နေ့ကအိပ်ပျော်သွားခဲ့တာသူနိုး
လာတော့သူကကားပေါ်ရောက်နေခဲ့
တာခရီး‌လဲအကုန်ဖျက်ပြီးကျန်တဲ့
သူတွေလဲပြန်ခဲ့ကြတယ်တဲ့....

အဲ့နေ့ပြန်ရောက်ထဲကသုံးရက်လုံး
သူဆေးရုံမှာသောင်တင်‌နေရတော့
သည်...
ခြေထောက်ကအတော်လေးသက်သာ
နေပြီဆိုပေမဲ့ရူတိုကခုထိစိတ်ပူနေတုန်း
ပင်သူ့ကိုမျက်စိအောက်ကအပျောက်မခံ
ပဲတောက်လျှောက်လိုက်ကြည့်နေတော့
သည်အခန်းရှေ့မှာလဲလုံခြုံရေးတွေကော
ထားထားသည်...
ကြည့်ရတာရူတိုခုထိတ်လန့်နေပုံ
ရသည်...

"သား..."

"မား..."

"သားရယ်မသေကောင်းမပျောက်
ကောင်း"

မားကမေတ္တာဒေါသကြောင့်ဂျောင်ဝူး
ပုခုံးကိုရိုက်ကာငိုယိုပြောလာသည်...

"မားရယ်သားဘာမှမဖြစ်ပါဘူး..."

မားကိုဖြေရှင်းချက်ပေးရင်းရူတိုကို
လှမ်းကြည့်လိုက်မိသည်...

"မင်းမပြောစေချင်တာကိုယ်သိပါတယ်
ဒါပေမဲ့သိသင့်တယ်ထင်လို့ကိုယ်လှမ်း
အကြောင်းကြားလိုက်တာ"

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now