Part-13

156 31 6
                                    

"လူထိုရားး..."

ရူတိုကားကိုမှီပြီးရပ်နေရာကနေ
ပြေးလာတဲ့ချစ်ရသူလေးကြောင့်
ကိုယ်ကိုမတ်လိုက်ပြီးလက်နှစ်ဖက်
ကိုဖြန့်ထားလိုက်သည်...

"အင့်..."

ဂျောင်ဝူးပြေးလာပြီးရူတိုကိုအင့်ကနဲ
မြည်အောင်ထိဖက်ပစ်လိုက်သည်....

"ဖြေးဖြေးလာတာမဟုတ်ဘူးအချစ်
ရယ်လဲနေရင်ဘယ်လိုလုပ်မလဲ"

"မလဲပါဘူး...လုံးဝမလဲမှာ
သေချာတယ်"

"အရမ်းတွေကိုယ့်ကိုကိုယုံကြည်
နေတာပေါ့"

ရူတိုမေးတာကိုဂျောင်ဝူးကခေါင်း
ကိုခါပြီးငြင်းလိုက်သည်...

"မဟုတ်ပါဘူး...ငါကမင်းကိုယုံတာ
မင်းနားရှိနေသ​ရွေ့မင်းနဲ့ရှိနေသရွေ့
မင်းကငါ့ကိုဘာမှအဖြစ်ခံမှာမဟုတ်
ဘူးဆိုတာသိလို့"

သွားတွေဖြီးပြပြီးမျက်စိမှေးမှေး
လေးတွေမှိတ်သွားတဲ့ရယ်နေရင်း
ချစ်စရာကောင်းအောင်ဖြေလာသူ
ကြောင့်ရူတိုပိုပြီးအသဲယားလာရ
သည်...

ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်
ကောက်လေးတွေကိုအသာထိုးဖွ
လိုက်မိသည်...

"နည်းနည်းအေးလာတာကိုကွာ...
လက်ရှည်ဝတ်ပြီးမှထွက်ခဲ့မယ်
မရှိဘူး"

"ငါဝတ်မလို့ပဲမင်းကရုတ်တရက်
ရောက်လာတာကိုအစောကြီးရှိ
သေးတာကို"

ရူတိုရှစ်နာရီထိုးတာကိုစောတယ်
ပြောနေတဲ့ဂျောင်ဝူးနှဖူးလေးကို
အသာတောက်လိုက်သည်..

"ရှစ်နာရီကျော်နေပြီလေစောတုန်း
လား"

"စောတာပေါ့မင်းဘာသိလို့လဲ
ငါကကျောင်းပိတ်ရက်ဆိုဆယ့်တစ်
လောက်မှထတာ"

ရူတိုသဘောမကျစွာမျက်မှောင်ကြုံ့
မိသွားတော့သည်...

"ကျစ်...ဒါမျိုးတွေမလုပ်နဲ့တော့
မနက်စာမစားတာကဘယ်လောက်
ကျန်းမာရေးထိခိုက်လဲမသိဘူးလား
မနက်စာထစားပြီးမှပြန်အိပ်ချင်အိပ်လေ"

ဂျောင်ဝူးမျက်နှာမဲ့သွားမိသည်...

"မင်းဆူနေတာလားငါ့ကို"

"ဟုတ်တယ်..ကိုယ်အချစ်ကို
ဆူနေတာ"

"သွား..သွားပြန်တော့ဘာလဲ
မနက်စောစောစီးစီးလာဆူနေတယ်"

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now