အခန်း (၁၀)

Start from the beginning
                                    

တိပနေတဲ့ မျက်ခုံးထူထူတွေရဲ့အောက်မှာ ညှို့ဓာတ်အပြည့် လျှံကြနေတဲ့ နူးညံ့ရီဝေတဲ့ မျက်ဝန်းများနဲ့ ဆုံတွေ့ရသူတိုင်း ငေးကျန်ခဲ့ရသည်သာ။ နက်မှောင်ဖြောင့်စင်းနေတဲ့ ဆံပင်တွေကိုတော့ ခေါင်းလိမ်းဆီဖြင့်  သပ်ရပ်စွာ လှပ်တင်ထားလေ့ရှိသည်။

ခမ်းနားစက်ရှိန် ဆိုတဲ့အမည်နှင့် လိုက်ဖက်စွာပင် စက်ရှိန်ရဲ့ သွင်ပြင်လက္ခဏာသည် အရှိန်အဝါတောက်ပစွာပင် ခမ်းနားထည်ဝါလွန်းလှသည်။ ထိုမျက်နှာကျသည် နိုင်ငံခြားဆန်စွာပင် ဖြစ်တည်လျက်ရှိသည်။

ရေချိုးခန်းလေးထဲသို့ ဝင်ရောက်ခဲ့ပြီးတော့ အောက်မှာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်သည်။ တုတ်ခိုင်စွာ ကြီးမားသည့် ပေါင်လုံးကြီးများသည် အကြောများ ခပ်ရေးရေး ထနေသည်။ ခြေသလုံးကြွက်သားများသည်ပင် အယ်ထနေသည်။

အဝတ်အစားမရှိတော့သည့် စက်ရှိန်  ရဲ့ခန္ဓာကိုယ်သည် ရင်ဖိုစရာကောင်းလွန်းလှသည်။
ထိုမြင်ကွင်းကို တစ်ယောက်ယောက်သာ မြင်တွေ့ခွင့်ရခဲ့ပါလျှင် ခုန်လှုပ်နေသည့် နှလုံးသားတို့ ရပ်တန့်သွားမည်မှာ အမှန်စင်စစ်ဖြစ်ပါ၏။

ခြောက်ပေ နှစ်လက်မ အထိ ရှည်လျားစွာ ဖြောင့်မတ်လွန်းတဲ့ အရပ်မြင့်မြင့်ကြီး အောက်မှာ ခိုဝင်ချင်သူတွေ လာရောက် ကမ်းလှမ်းခြင်းခံရသည့်တိုင် စက်ရှိန်က မည်သူ့အပေါ်မှ တိမ်းညွတ်ယိမ်းယိုင်ခြင်းမရှိခဲ့။ အသက် (၂၅ ) နှစ်ပြည့်ခဲ့သည့်တိုင် စက်ရှိန် ချစ်မိတဲ့ မိန်းခလေးဟူ၍ တစ်ယောက်လေးမျှပင် မဆုံခဲ့ဖူးပါ။ ကိုယ့်အနားမှာ အစားသုံးခံမဲ့ ပန်းပွင့်လေးတွေ ရစ်ဝဲနေသည့်တိုင် စက်ရှိန်ကတော့ မည်သူ့ကိုမျှ စိတ်ခုန်လှုပ်ရှားခြင်း မရှိခဲ့ပါ။

အနေတည်လွန်းတဲ့ စက်ရှိန်ရဲ့ အပြုအမူအောက်မှာ မည်သည့် မိန်းခလေးမှ အဆင့်ကျော်ခြင်း မလုပ်ရဲခဲ့ကြပါ။ အနည်းဆုံး ချစ်ခွင့်ပန်ခြင်းလောက်သာ အရဲစွန့်ပြီး ပြောရဲကြလေသည်။ ထို့ထက်တော့ အဆင့်မပိုခဲ့ကြ။

မွေးနေ့ရက်ကလေးဖြစ်တာကြောင့် စက်ရှိန် စိတ်တို့ပကတိ ကြည်လင်လန်းဆန်းလျက်ရှိနေသည်။
အေးစက်တဲ့ ရေမှုန်ဖွားလေးတွေရဲ့ အထိအတွေ့တွေက စက်ရှိန်စိတ်ကို ပိုပြီးလန်းဆန်းသွားစေသည်။ ထို့နောက် ရေပန်းတဆုံးဖွင့်ကာ အေးမြသည့်ရေအေးအေးတို့၏ အထိအတွေ့ကို စိတ်လိုလက်ရ အားရစွာ ခံစားနေလိုက်တော့သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now