Ep-10(uni+Zg)

880 113 26
                                    

10
Shinnနှင့်သူ၏အဖွဲ့သားများသည်ပစ္စည်းသယ်သွားသောကားအားအသည်းအသန်ဖမ်းရန်တောင်မလိုလိုက်ပဲ အင်ချွန်းလေဆိပ်ရောက်ခါနီးတွင် ကာချုပ်၏လူများက လမ်းပိတ်ပြီးအင်အားသုံး၍ဖမ်းလိုက်သောကြောင့် အလွယ်တကူလေးပြီးသွားသည်။ထို့နောက် တရားခံများအား စစ်ကြောရေးဋ္ဌာနသို့ ပို့ရန်အတွက်လိုက်ပါသွားကြသည်။ ပစ္စည်းကိုတော့ ကိုရီးယားရှိ အမေရိကန်သံရုံးအား ပို့ပေးလိုက်သည်။ငွေသားတွေတော့မပါ......။မပါဆိုသည်မှာ တရားခံသယ်လာသောကျောပိုးအိတ်ထဲတွင် ရတနာပစ္စည်းများသာပါနေသောကြောင့်ဖြစ်သည်။

================================

ကားတစ်စီးသည် seoulလမ်းမကြီးမှ မြို့ပြင်သို့ဦးတည်၍ မောင်းနှင်နေလေသည်။.......ထိုကားပေါ်တွင် မောင်းသူနေရာဠ် လက်ထောက်Kimဖြစ်၍ ဘေးနေရာတွင်ဋ္ဌာနမှူး၊ အနောက်ခန်းတွင်တော့ Mr.Joeနှင့် လက်နှစ်ဖက်ကိုလက်ထိပ်ခံထားရပြီး လက်နောက်ပြန်ကြိုးတုပ်ခံထားရသော Minwoo....... ။ သူတို့၏ကားနောက်တွင် ကာချုပ်၏အထူးတပ်ဖွဲ့ဝင်များလိုက်ပါလာသော ဗန်ကားအနက်ရောင်သုံးစီးကလိုက်ပါလာသည်။ထိုဗန်ကားသုံးစီးပေါ်ရှိ အထူးတပ်ဖွဲ့ဝင်များသည် ဝတ်စုံအပြည့်ဖြင့် လက်ထဲတွင်လည်း သေနတ်ကိုယ်စီကိုင်ဆောင်ထားကြသည်။

အချိန်ကား.......3:27 A.M

================================

Jiminကိုဒီလိုပုံလေးလို့မြင်ပေးကြပါ😁

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

Jiminကိုဒီလိုပုံလေးလို့မြင်ပေးကြပါ😁

Jiminသည် Jkပြောလိုက်သောစကားများကြောင့် ဆွံ့အ သွား၍ Jkမျက်နှာကိုသာကြောင်ကြည့်နေမိသည်။ Jkသည် Jiminအားကြည့်ကာ

"ငိုတော့မလို့လား Park Jimin....... ဘာမှတောင်မလုပ်ရသေးဘူးနော် လုပ်မှငိုလေ........"

~My Enemy ~(Completed)Dove le storie prendono vita. Scoprilo ora