Ep-7(uni+Zg)

810 89 2
                                    

7
ကြာသပတေးနေ့ , ညနေ 4:00

JKတယောက် မိမိအခန်းတွင်းရှိ ကုတင်ပေါ်တွင် ကျောမှီ၍ လပ်တော့ပ် တလုံးဖြင့် အလုပ်ရှုပ်နေလေသည်။အကြောင်းကား တနင်္ဂ နွေနေ့တွင် မက္ကဆီကိုသို့ပစ္စည်းပို့ရမှာဖြစ်တာကြောင့် လေယာဥ်ကိစ္စတွေ မိမိအဖွဲ့သားတွေရဲ့ လုံခြုံရေး ကိစ္စများအတွက် plan ချနေရသောကြောင့်ဖြစ်သည်။ကိစ္စ အဝဝ ပြီးသောအခါ လပ်တော့ပ်အား ကုတင်ဘေးမှစားပွဲ ပေါ်တင်၍ အဝတ်ဘီဒို ရှိရှာဆီသို့ လျှောက်လာပြီး ဘီဒို ထဲမှ လည်သာဂျာကင် အနက်ရောင် တထည်အား ထုတ်ဝတ်လိုက်သည်။ ပြီးနောက်မိမိအခန်းထဲတွင် လိုအပ်သည့်ပစ္စည်းများအား ​ေကျာပိုးအိတ်တလုံးထဲသို့ထည့်လွယ်၍ ကားပါကင်ရှိရာ မြေညီထပ်သို့ဆင်းလာလိုက်ပြီး သူ၏လက်စွဲတော် ဆိုင်ကယ်ကြီးပေါ်တွင်နေရာယူလိုက်သည်။ထို့နောက်Minwooထံသို့ ဖုန်းဆက်ပြီး........

"Hello Minwoo..........ငါ မြို့ပြင်မှာရှိမယ် လက်နက်တွေအဆင်သင့်ပြင်ထားပြီး လိုက်လာခဲ့........

"ဟုတ်ကဲ့ပါ Boss"

Minwooနှင့်ဖုန်းပြောပြီးတာနဲ့JKက သူ၏ဆိုင်ကယ်အား မိုင်ကုန် အရှိန်တင်၍ မြို့ပြင်တွင်ရှိသော သူ၏ လျှို့ဝှက်နေရာ အား ဦးတည်မောင်းနှင်တော့သည်။

================================

အကြမ်းဖက်နှိမ်နင်းရေးဋ္ဌာန, ညနေ 5:25

Jiminတယောက် ဒီရက်ပိုင်းအိမ်မှာအနားယူချိန်မရှိပဲ ဋ္ဌာနမှာပဲနေကျန်ခဲ့တာများသည်။ သူတကယ်စိတ်တွေလှုပ်ရှားနေပြီ တရားခံဖမ်းရတော့မှာမို့လို့လား......တရားခံနဲ့တွေ့ရတော့မှာမို့လို့ စိတ်လှုပ်ရှားနေတာလား.........တရားခံဖမ်းရတော့မှာမို့ စိတ်လှုပ်ရှားနေတာပဲ နေမှာပါလေ.....။ Jiminသည် Jkအား ဖမ်းဆီးရန်အတွက် သူတို့ရထားသော သက်သေတွေအား တစုတစည်းတည်း ဖြစ်သွားအောင် Fileတခု တွင် စုစည်းနေစဥ်.......Mr.Joe ရောက်ရှိလာသည်.............။

"ကျနော် ဝင်လာပြီ Jimin"

Jiminက Mr.Joeအား........

"ကိစ္စရှိလို့လား Mr.Joe"

Mr.Joeက သက်ပြင်းမော ချ၍

"အမေရိကန် သံရုံးကနေ ဆက်သွယ်လာတယ် Jimin.......အမေရိကန်က မြို့တော်ဝန်က တရားခံကို အမြန်ဆုံးဖမ်း ဖို့ ဖိအားပေးနေပြီ.......အမေရိကန်ဘက်က သတင်းလှမ်းပေးတာတော့ လာမယ့် တနင်္ဂနွေမှာ မက္ကဆီကို ဘက်နဲ့ အရောင်းအဝယ်လုပ်ဖို့ ချိတ်ထားတယ် လို့ သတင်းရထားတယ်တဲ့.....မက္ကဆီကိုရဲ့ ဘယ် လေဆိပ်မှာ ဆင်းမလဲတော့မသိလို့ လေဆိပ်တိုင်းမှာ အမေရိကန်ဘက်က စုံထောက်တွေကို အခုပဲ ကင်းချ ဖို့ လွှတ်လိုက်ပြီတဲ့........"

~My Enemy ~(Completed)Where stories live. Discover now