Ep-3(uni+Zg)

982 131 9
                                    

Ep3

ကာချုပ်ပြောတဲ့စကားတွေကတော့မမှားဘူး တောင်ကိုရီးယားကလည်းတိုးတက်တဲ့နိုင်ငံဆိုပင်မယ့် အမေရိကန်လိုနိုင်ငံနဲ့ကမျက်နှာပျက်လို့မဖြစ်ဘူး။ပြီးတော့တရားခံက ကိုယ့်နိုင်ငံထဲမှာဆိုတော့ မဖမ်းနိုင်ရင်၊နောက်ထပ်အခုလိုcaseတွေထပ်ဖြစ်လာရင် ကိုယ် ကိုယ်တိုင်ရော နိုင်ငံပါ သိက္ခာကျတယ် ဆိုတော့ ကာချုပ်ပြောတာကိုလက်ခံသင့်တယ် ထိုသို့တွေးပြီနောက်Jmက

"ကောင်းပါပြီ ကာချုပ် ကျနောဒီကိစ္စကိုအတတ်နိုင်ဆုံး အမြန်ဆုံးတရားခံမိအောင် Mr.Joeနဲ့အတူပူးပေါင်းပေးသွားပါမယ်"

Jmကာချုပ်ကိုကြည့်ပြီးပြောပြီးသည်နှင့်Mr.Joeဘက်လှည့်၍

"ကျနောတို့သိထားတဲ့သတင်းအချက်အလက်တွေ အချင်းချင်းမျှဝေရအောင် ဒါမှတရားခံဖမ်းတဲ့အခါ သဲလွန်စ များများရမှာ"

Jmပြောသည်ကိုMr.Joeက ခေါင်းညိတ်၍

"ကောင်းပြီ ကျနောတို့ဘက်ကသိထားတာတွေအကုန်ဝေမျှပေးမှာပါ အမြန်ဆုံးဖမ်းဆီးနိုင်အောင်ကြိုးစားကြမယ် Mr.Jimin"

ထိုသို့ပြော၍Jmထံသို့ လက်တဖက် ကမ်းလိုက်သည်....Jmကလည်း Mr.Joeကမ်းပေးသောလက်အား ပြန်ကိုင်၍

"Jiminလို့ပဲခေါ်ပါ......ကျနောတို့ပါတနာကောင်းတွေအဖြစ်တာဝန်ထမ်းဆောင်ကြတာပေါ့"

လို့ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ထိုအခါကာချုပ်က

"ကဲ.....ဒါဆို ငါသွားပြီ အန္တရာယ်ကင်း"နဲ့ အမြန်ဆုံးဖမ်းမိနိုင်အောင်ကြိုးစားကြပါ လိုအပ်တဲ့အကူအညီကို ငါကတောက်လျှောက်ထောက်ပံ့ပေးမယ် ငွေအားဖြစ်"လူအားဖြစ်" ပြီးတော့အခုအကြောင်းကို ငါသမ္မတဆီ တင်ပြလိုက်တော့မယ် တာဝန်ကျေလိုက်ကြပါဦး"

ကာချုပ်ကပြောပြီးသည်နှင့်ခုံမှထ၍ ပြန်ဖို့ပြင်ဆင်သောအခါ Jiminနဲ့ဋ္ဌာနမှူးက ကာချုပ်အား ခေါင်းညွတ်နှုတ်ဆက်၍ Mr.Joeကတော့ ကာချုပ်နှင့်လက်ဆွဲနှုတ်ဆက်ကြသည်။ကာချုပ်အခန်းထဲမှထွက်သွားသည်နှင့်Jmထံသိူ့ လက်ထောက်Kimထံမှ Phဝင်လာသည်။

"လက်ထောက်Kim.... ပြောပါ"

"ခေါင်းဆောင်.......စုံစမ်းရေးဋ္ဌာန ဘက်က အချက်အလက်တွေရောက်လာပြီ ကျနောလည်းလူစုပြီးသွားပါပြီ"

~My Enemy ~(Completed)Where stories live. Discover now