"ငါကသဘောပြောပြတာပါ Baekhyunလေးကနုနုနယ်နယ်နဲ့ကလေးစိတ်လေးမို့"

အဖေ့ရဲ့စကားကို Chanyeol ခပ်ပါးပါးပြုံးပြီးသာတုန့်ပြန်လိုက်ရင်း Hyunလေးရဲ့နှုတ်ခမ်းပါးကို တစ်သျှူးဖြင့်ဖွဖွသုတ်ပေးလိုက်သည်။

"အိမ်ရှိလူပဲ party လုပ်မယ်ဆိုရင်တောင် ဘေးအိမ်ကိုတော့မဖိတ်လို့မကောင်းဘူးကွ၊ လှမ်းကြည့်ရင်တောင်မြင်နေရတာကို၊ နောက်ပြီး Minjun ကလည်းအဖေတို့ဆီကိုဝင်ထွက်နေတာမလား မကောင်းဘူးလေ၊ အဲ့တော့ဖိတ်လက်စနဲ့ Jay ကိုပါဖိတ်သင့်တာပေါ့၊ Baekhyunလေးမွေးနေ့ရှိတာ သူသိသွားပြီပဲဟာ"

"အဲ့ဒါကြောင့် J group ကိုစီးပွါးရေးအရပဲပတ်သတ်မယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့"

"Chanyeol"

Chanyeol အဖေ့ကိုကြည့်လိုက်တဲ့အခါ အဖေကမျက်ခုံးတွေအနည်းငယ်တွန့်ချိုးထားသည်။

"အဖေ့သားက ဒီနှစ်ထဲမှာတော်တော်ကြီးပြောင်းလဲသွားတယ်၊ အဖေ့စကားဆို နားကိုမထောင်တော့သလိုပဲ၊ အထူးသဖြင့် Baekhyunနဲ့ပတ်သတ်ရင်ပေါ့"

"ကျွန်တော်..."

"ပြောပါဦး ဥက္ကဌကြီးရဲ့"

"အဖေရာ ကျွန်တော် အဖေ့သားပါဗျ၊ အဖေပြောသမျှ ကျွန်တော်တသွေမတိမ်းနားထောင်မှာပါ၊ ဒါပေမယ့် Hyunလေးနဲ့ပတ်သတ်ရင်ကျတော့ ကျွန်တော့်တာဝန်မို့ အရာရာတွေးပူနေရတာပါ၊ ကလေးကို နည်းနည်းလေးတောင် လူရောစိတ်ပါ အထိခိုက်မခံနိုင်လို့"

"ငါ့သားလည်း ကလေးထိန်းလုံးလုံးကိုဖြစ်လို့၊ အဖေ့အမှားပါ"

"အဖေ Hyunလေးကို အမှားတစ်ခုလို့မပြောပါနဲ့၊ ကျွန်တော် လိုလိုချင်ချင်နဲ့ယူခဲ့တဲ့တာဝန်မို့ ဘယ်သူ့ရဲ့အမှားမှမဟုတ်ပါဘူး"

"................."

"အဖေ ဖိတ်ချင်တဲ့လူကိုဖိတ်လိုက်ပါ၊ လူရှုပ်တာကို Hyunလေးကမကြိုက်ပေမယ့် လူများရင်ကျ ပိုပျော်မလားလို့လေ၊ နောက်ပြီး anniversary ရောဆိုတော့ Hyunလေးက ကျွန်တော့်ဆီကနေအများကြီးအချစ်ခံနေရတာကို လူပိုသိတာပေါ့"

"အဟမ်း!"

Chanyeol ရဲ့စကားအဆုံး အဖေကချောင်းတစ်ချက်ဟန့်ပြီး စားပွဲဝိုင်းမှထထွက်သွားသည်။

Warm Love (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα