" ကတိ "
" ဟီး သားသွားပြီ "
ရိရှောင်းထွက်သွားမှ ရှောင်းကျန့်လည်း
အိမ်တော်ထဲ ပြန်ဝင်သွားလိုက်သည် ။ဘာညာလုပ်စရာတွေလည်း မရှိတာကြောင့်
ဧည့်ခန်းထဲပဲ ထိုင်နေလိုက်သည် ။မကြာပါဘူး မြို့စားဝမ်က ပြန်ရောက်လာသည်။
ရှောင်းကျန့်လည်း တစ်ချက်သာ ကြည့်လိုက်ပြီး သတင်းစာပဲ ပြန်ဖတ်နေလိုက်သည်။ဖတ်နေရင်း တန်းလန်း မြို့စားဝမ်က သူလက်ထဲက သတင်းစာကို ဖြတ်ကနဲ့ ယူသွားတာကြောင့် ရှောင်းကျန့် လန့်သွားသည်။
" ဘာလုပ်တာတုန်း "
" ကျုပ်ပြန်လာတာထက် ဒီသတင်းစာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာလား ! "
" ဟမ် ? "
" ဘာ ဟမ် လဲ "
" မဟုတ်...."
" ဒီမှာ ကျုပ်က ခင်ဗျား ယောင်္ကျားမဟုတ်ဘူးလား "
" ဟုတ်...ဟုတ်တာပေါ့ "
" အေးလေ ! အဲ့တော့ ကျုပ်ကိုပဲ စိတ်ဝင်စားပေး "
" ဟာ "
ပြောနေရင်းတန်းလန်းလည်း ထထွက်သွားတာကြောင့် ရှောင်းကျန့်မှာ အူလည်လည်လေး ကျန်နေခဲ့ရသည် ။ မြို့စားဝမ်က ဘာဖြစ်သွားပြန်တာတုန်း ။
" ဘာတုန်းဟ ငါက ဘာလို့ စိတ်ဝင်စားပေးရမှာတုံး "
ိထိုအချိန် လျှန်းက ရောက်လာပြီး
" မနေ့ညက ရိပေါ်ဘယ်ရောက်သွားတာလဲ "
ရှောင်းကျန့်လည်း စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်သည် ။
" ဘယ်သိမလဲ "
" ဟဲ့ နင်က သူယောင်္ကျားမဟုတ်ဘူးလား
ကိုယ်ယောင်္ကျား ညက ဘယ်မှာရှိနေလဲဆိုတာ သိရမှာပေါ့ "" မသိဘူး "
သူမက မျက်စောင်းထိုးကာ ထွက်သွားသည်။
" ဟမ့် ပျင်းလိုက်တာနော် ပြန်အိပ်တာပဲကောင်းတယ် "
အင်းလေ ရိရှောင်းမှ မရှိဘဲ ။ ခါတိုင်းဆို ရိရှောင်းနဲ့ ဒီအချိန် ကစားနေကြပဲကို ။ ရှောင်းကျန့်လည်း သက်ပျင်းချကာ အပေါ်ထပ်တက်ရန် ဆုံးဖြတ်လိုက်သည် ။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭
ep-15
Start from the beginning