လော့ဝမ်ချွမ်းက မနက်ပိုင်းက ကယ်ခဲ့သည့် ကြောင်လေးကို သတိရသွားသည်။ ထို့နောက် ခယ့်လိုင်ကိုကြည့်ကာ အမှတ်တမဲ့ဖြင့် ပြောလိုက်သည်။
" သူ့အတွက် စိုးရိမ်နေတာလား ..."

" ဒါပေါ့ ... ကာလက်က အရမ်းရက်စက်တယ် ... ယွမ်ရှင်းကျဲကလည်း အိုမီဂါလေ ... မင်းရော သူ့ကို မစိုးရိမ်ဘူးလား ... အနည်းဆုံးတော့ သူကမင်းရဲ့မက်ခါကို ကူပြင်ပေးခဲ့တယ်လေ ..."

ခယ့်လိုင် လေးနက်စွာပြောလိုက်သည်။

" ငါကတော့ ကာလက်ကို ပိုစိတ်ပူတယ် ..."

လော့ဝမ်ချွမ်းက စက်အတုအခန်းတစ်ခန်းကိုဖွင့်ပြီး မျက်နှာသေဖြင့် ဝင်သွားသည်။

" ဟမ် ..."

ခယ့်လိုင်၏ မျက်နှာတွင် သိချင်စိတ်ဖြင့် ပြည့်သွားပြီး မျက်လုံးများက ထိတ်လန့်နေပုံပေါ်သည်။
တချွမ်းက အဲ့စကားကို နောက်ပြီး ပြောတာများလား ...

–––

ယွမ်ရှင်းကျဲက လိုအပ်သော ပစ္စည်းများကို ရှာရန်ပြင်လိုက်စဉ်တွင် ပြင်ဆင်မွမ်းမံမှုအတွက် လိုအပ်သည်က များများစားစားမရှိကြောင်း သိလိုက်ရသည်။ သူ စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်မိသည်။ ထိုသို့မဟုတ်ပါက ဆရာကျိုးထံမှ ပိုက်ဆံချေးရတော့မည်ဖြစ်သည်။

သူက အရှိန်အဟုန်အပြည့်ဖြင့် မွမ်းမံပြင်ဆင်ကာ အလုပ်များနေချိန်၌ အမည်မသိနံပါတ်တစ်ခုမှ မက်ဆေ့တစ်စောင် ရောက်လာသည်။

[ ငွေလိုနေလား ... အကူအညီရောလိုလား ... မင်းရဲ့ မက်ခါက အတော်လေးပျက်စီးနေပြီထင်တယ်... ]

ယွမ်ရှင်းကျဲ ပြန်ဖြေလိုက်သည်။
[ အာမခံတွေ မလိုဘူး ... ထပ်နှောင့်ယှက်ရင် ရဲခေါ်လိုက်မယ် ...]

တစ်ဖက်လူက( ? )တစ်ခု အမြန်ပို့လာသည်။
[ ယွမ်ရှင်းကျဲ ... မင်း ငါ့ရဲ့ ဆက်သွယ်ရေး နံပါတ်ကိုဖျက်လိုက်တာလား ...]

ယွမ်ရှင်းကျဲ ခဏတာ အံ့အားသင့်သွားပြီးနောက် ထိုလူက မျိုးရိုးနာမည် ချီ နှင့်တစ်ယောက်ဖြစ်မည်ဟု ချက်ချင်းတွေးမိသွားသည်။

ယွမ်ရှင်းကျဲ ပြန်ဖြေသည်မှာကြာနေ၍ ချီယုက သူ့လေသံမာသွားသည်ဟု တွေးလိုက်မိ၍ ကျစ်ခနဲ အသံပြုလိုက်မိသည်။ အချိန်အတော်ကြာ တွေးတောလိုက်ပြီးနောက် chat boxတွင် ယွမ်ရှင်းကျဲက စိတ်မဆိုးနေသရွေ့ သူ့နှင့် သင့်မြတ်အောင်နေပြီး ယွမ်မိသားစုကို အကူအညီပေးမည်ဟု စာအရှည်ကြီး ပို့‌လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Tahanan ng mga kuwento. Tumuklas ngayon