"ကျနောက Joe Henry ပါ... အမေရိကန် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်တယောက်ပါ"

ထိုသူမိတ်ဆက်ပြီးသည်နှင့်ဋ္ဌာနမှူးက

"ဟုတ်ကဲ့ပါMr.Joe....ဒါကတော့ကျနော်တို့ နိုင်ငံရဲ့ကာချုပ်ပါ...ပြီးတော့မျက်နှာချင်းဆိုင်ထိုင်နေသူက Jiminပါ သူလည်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်ပါပဲ........ ကျနော်ကတော့ဒီဋ္ဌာနရဲ့ဋ္ဌာနမှူးပါ"

ဋ္ဌာနမှူးမိတ်ဆက်ပေးသောကြောင့်Jm အရှေ့မှာရှိနေသော Mr.Joeအား တချက်ကြည့်လိုက်သည်။ထိုအခါ Mr.Joeကလည်းJmအား ကြည့်၍ ခေါင်းတဆက်ဆက်ညိတ်ပြသည်။ပြီးသည်နှင့် Mr.Joeက

"ကျနောအခုဒီလိုလာတွေ့ရတဲ့အကြောင်းအရင်းက ပြီးခဲ့တဲ့Juneလ အစမှာဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ငွေသားလုယူမှုကြောင့်ပဲ အဲ့ဒီcaseကို ဦးဆောင်ခဲ့တဲ့သူက ခင်ဗျားတို့ကိုရီးယားနိုင်ငံသားလို့ သတင်းရထားတယ်...ပြီးတော့ သူလုယူသွားတာကငွေသားတင်မဟုတ်ဘူး....တဖက်နိုင်ငံကသမ္မတဆီ လက်ဆောင်ပဏ္ဏာပို့ပေးရမယ့် ရတနာတွေပါ ပါသွားတယ်.....အခုဒီကိစ္စကြောင့် ငါတို့2နိုင်ငံက မိတ်ပျက်ရတော့မယ်...အဲ့တော့ မင်းတို့ဘက်ကဘယ်လိုတာဝန်ယူမှာလဲ"

Mr.Joe၏စကားဆုံးသည်နှင့် ကာချုပ်မှာမျက်စိပျက်မျက်နှာပျက်ဖြစ်နေပြီးဋ္ဌာနမှူးကတော့Jmအားကြည့်နေသည်ကိုတွေ့ရသည်။ဆိုလိုတာကတော့ မင်းပြောလိုက်လေ ဆိုတဲ့သဘောမျိုးနဲ့..... ။

ထိုအခါJmကလည်း

"ကိုရီးယားနိုင်ငံသားဆိုတဲ့ သက်သေရှိလား ပြီးတော့ဒါက ပြောရမယ်ဆိုရင်.......ခင်ဗျားတို့ရဲ့ပေါ့ဆမှူကြောင့်လည်းပါတယ်လေ...... ခင်ဗျားတို့လုံခြုံရေးညံံံ့လို့ ပိုက်ဆံတွေအကုန်ပါသွားရတာပဲ......"

Jmစကားမဆုံးသေးခင်မှာပဲ Mr.Joeကအစည်းအဝေးခုံကို အသံမြည်အောင်ရိုက်ချ၍ မတ်တတ်ရပ်ပြီး ဒေါသထွက်နေသောလေသံဖြင့်

"မင်းဘာစကားပြောတာလဲ...အဲ့ကောင်ကငါတို့နိုင်ငံထဲကို တရားမဝင်လာနေ နေတာ သူ့အကြောင်းမြေလှန်ပြီးစုံစမ်းနေတာတောင် ဘာမှမသိရသေးဘူး...ကိုရီးယားနိုင်ငံသားဟုတ်မဟုတ်ဆိုတဲ့ သက်သေဟုတ်လား...Jeon Jungkook....သူ့နာမည်ကJeon Jungkook ....."

~My Enemy ~(Completed)Where stories live. Discover now