" အဲ့ဒါတော့ မင်းကိုယ်မင်းသိမှာပေါ့ "
မြို့စား၀မ်က နားမလည်သလိုကြည့်ပြီး ပြီးကျ ခပ်သဲ့သဲ့ရယ်သည် ။ ရှောင်းကျန့် ဒေါသထွက်သလို့ ကြည့်လိုက်သည် ။
" ဟက် သ၀န်တိုနေတာလား "
" ဘာ ! ဘာလို့သဝန်တိုရမှာလဲ ငါက အကြောင်းပြောပြနေတာ "
" အင်းပါ "
မြို့စား၀မ်က ဟိုဘက်လှည့်ပြီး ထပ်ရယ်နေတာကြောင့် ရှောင်းကျန့် ပိုဒေါသထွက်လာသည် ။ သူပြောတဲ့ပုံစံက တကယ်ပဲ သ၀န်တိုနေတဲ့ ပုံစံဖြစ်နေလို့လား ။
" ထပ်ရယ်နေရင် မင်းပန်းခြံထဲက ပန်းတွေ သွားခူးပြီး အလှဆင်ပြစ်မယ် "
" မရယ်တော့ဘူး "
ထိုကျမှ အရယ်ကနေ မျက်နှာပြန်တည်သွားသည် ။ တော်တော်လည်း ထူးဆန်းတဲ့လူ ။
" ဖေဖေ မြို့ချားကတော် သား ပုံဆွဲပြီးသွားပြီ "
ရိရှောင်းက စာရွက်အဖြူကြီး ကိုင်ကာ ပြေးလာပြီ စာရွက်ကို ဖြန့်ပြသည် ။ ရှောင်းကျန့် ခေါင်းပုတ်ကာ ချီးကျူးလိုက်သည်။
" ရော် ရိရှောင်းတောင် ပုံဆွဲစကေးတွေ ကျွမ်းလာပြီးပဲ "
" ဟီး "
မြို့စား၀မ်က စာရွက်ကို ကြည့်ကာ မျက်မှောင်ကုတ်သည် ။ ရိရှောင်းကတော့ သူဖေဖေဆီက ချီးကျူးတာ လိုချင်ပုံနဲ့ ကြည့်နေသည် ။
" ဒီတစ်ယောက်ကဘယ်သူလဲ "
ရိရှောင်းဆွဲထားတဲ့ပုံထဲမှာ လူလေးယောက်ပါနေတာကြောင့် မြိုစား၀မ်က မေးလိုက်သည် ။
ရိရှောင်းက ရယ်ပြပြီး" သားရဲ့ညီလေးလေ စောအော်ပေါ့ "
" ဟမ် "
" သူက ဘယ်မှာလဲ "
မြို့စား၀မ်ထပ်မေးတော့ ရိရှောင်းက
မျက်နှာညိုးသွားပြီး" ဟွန့် မြို့ချားကတော်က စောအော်ကို မွေးပေးရမှာပေါ့ "
" ....... "
" ........"
ကျေးဇူးတင်လိုက်တာ
မွေးစားရကျိုးနပ်တဲ့ငါ့သားရယ်///
" မိဖုရားကြီး နေ့ကောင်းရဲ့လား "
" ငါပုံစံက ကောင်းတယ်လို့ထင်နေတာလား "
![](https://img.wattpad.com/cover/334212449-288-k518902.jpg)
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭
ep-12
Start from the beginning