" ပြောစမ်းပါဉီး..."
"ပြောပါမယ် ..အကိုတော်ခင်ဗျ ဆုံးအောင်နားထောင်ပါ.."
"အင်း..."
တိမ်ယံလည်း ရေနွေးခွက်ကိုအသင့်ချထားလိုက်သည်။ တစ်ခုခုဆို ခေါက်ရအောင်ဖြစ်၏ ။ ထို့နောက် နှိုင်းပြောတာကို နားစွန့်ထားလိုက်သည်။
"ငါပြောမယ် ငါကလေ..ငါ့အတိတ်ကိုနောင်တမရဘူး... တစ်ခုတော့ရှိတယ် ငါကိုနာကြင်အောင်လုပ်တဲ့သူနဲ့ အချိန်ဖြုန်းမိတာကို နောင်တရတယ်.."
"တူတူပဲမဟုတ်ဘူးလား.."
"မတူဘူး သစ္စာ အတိတ်ဆိုတဲ့အရာတွေထဲမှာ နင်တို့လည်းရှိတယ်လေ ပြီးတော့ငါသူကိုချစ်ခဲ့တုန်းကလည်းအရူးအမူးဆိုတာနင်တို့သိမှာပါ..."
"ရူးတာထက်ပိုတယ်..."
သစ္စာစကားကြောင့် နှိုင်းအရှက်သည်းစွာ ပြုံးလိုက်မိသည်။ သူပြောသလိုပါပဲ ရူးတာထက်ပိုခဲ့တာတကယ်ပါ။
"အင်းလေ...ငါအတတ်နိုင်ဆုံးချစ်ခဲ့တာပဲ အဲ့တာအတွက်ငါနောင်တရမဘူး..သူသာနောင်တရနေမှာ...ငါ့လိုရုပ်ချောသဘောကောင်းပြီး တော်တဲ့သူကို ထားခဲ့တာလေ..."
"ငါ့ညီကတော့ ကံကောင်းသွားတာပေါ့..."
"ဘာလို့..."
" မင်းပဲ ရုပ်ချော ..သဘောကောင်းပြီး..တော်တဲ့သူဆို...အဲ့လိုလူကိုငါ့ညီက ရထားတာလေ..."
"မင်းညီကတော့ပြောမနေနဲ့ ..ကံအကောင်းဆုံးလူပဲ..."
" မင်းကိုရလို့လား..."
"ဟုတ်တယ်...ဟားဟား "
"ဒါနဲ့ ...နှိုင်း..တည်တံ့ဆီက အဆက်သွယ်ရလား..."
"အင်း...ဟိုတစ်လောက တစ်ခါရတယ်..."
" ဘာပြောသေးလဲသူက .."
"ဘာမှမပြောပါဘူး..."
"ဟုတ်လို့လား...လွမ်းတဲ့အကြောင်းတွေပြောတာမလား..."
"သစ္စာ..."
"ဘာလို့ဇွတ်အော်နေတာလဲ..."
"တော်ဟာ...မစနဲ့..."
"မှန်တာပြော...ရွာအပြင်ထုတ်ခံတယ်ဆိုတာဒါမျိုး..."
"နင်နော်...တိမ်ယံတားစမ်းပါ..."
![](https://img.wattpad.com/cover/342961390-288-k673995.jpg)
အပိုင်း(12)U/Z
Start from the beginning