"ရည်ရွယ်ချက်က ရှင်းလင်းပါတယ် အရှင်။ မဟာမိတ် ဆက်ဆံရေးကို ပြန်ပြီး ရှေ့ဆက်ဖို့ပါ။ အရှင်တို့လည်း တိုင်းပြည်ကို ချဲ့ထွင်နေတယ်လို့ သတင်းကြားထားတာမို့ အခုလို ကျုပ်တို့ သံတမန် အဖွဲ့က ရှေ့ပြေးအနေနဲ့ ကမ်းလှမ်းဖို့ လာခဲ့တာပါ။ "

မှတ်မိသလောက် နယ်မြေချဲ့ထွင်ရန် ကြိုးစားခဲ့သည်မှာ အနီးတဝိုက်ရှိ သင်းကွဲနယ်မြေများဆီသာ ရှိခဲ့သော်လည်း အလှမ်းဝေးသည့် သည်နယ်မြေက ဘယ်လိုများ သတင်းရသည်လဲ

"ဟုတ်ပြီ။ ဒါပေမယ့် Eldoraနဲ့ Cyclusဟာ အင်မတန် အလှမ်းဝေးတဲ့ တိုင်းပြည်တွေပါ။ ဘယ်ကဘယ်လို သတင်းစကားရခဲ့တာများလဲ"

"ဒါကတော့ ဒီလိုပါ။ အရှင်တို့ဘက်က အမှုထမ်းက အရင်ကမ်းလှမ်းခဲ့တာမို့ ဒီအထိ ခရီးနှင်ခဲ့ရတာပါ"

"ကိုယ်တော်တို့ဘက်က အမှုထမ်း?"

သည်လောက် ဝေးဝေးလံလံဒေသအား သွားရောက်ကမ်းလှမ်းသူက ဘယ်သူများဖြစ်နိုင်သည်လဲ။ မှတ်မှတ်ရရ မိမိ သံတမန်များအနက် သည်လောက်ထိ ခရီးဝေးကို စေလွှတ်ဖူးသူ မရှိပါလေ။ ဒါ့အပြင် မိတ်ဖက်ဆက်ဆံရေး ပြတ်တောက်ပြီး တိုင်းပြည်မို့ မဟာမိတ်ပြန်ပြုရန် မလုံခြုံသည်ပင် မဟုတ်လား

"ဟုတ်ပါတယ် အရှင်။ သူ့ရဲ့ တံဆိပ်ပြားကို ပြလိုက်ရင် အရှင် သိမှာပါတဲ့"

စကားအဆုံး တံဆိပ်ပြားကို ထုတ်၍ပြလာသည့်အခါ အရှင့်မျက်ဝန်းလေးများ မတည်မငြိမ်ဖြစ်လာတော့သည်။ ဒါဟာ သူကိုယ်တိုင် alphaထံ ချီးမြှင့်ခဲ့သည့် ကိုယ်ရံတော် တံဆိပ်ပြားပင် မဟုတ်လား

*alphaရဲ့ တံဆိပ်ပြားက ဘယ်လိုလုပ်ပြီး...?*

ဒါဖြင့်ရင် အချိန်ကြာကြာ ပျောက်သွားခဲ့စဥ်က ထိုတိုင်းပြည်ထိ ရောက်သွားခဲ့သည်လား။ ဒဏ်ရာဒဏ်ချက်တို့၏ နောက်ကွယ်မှ အကြောင်းအရင်းသည် သည်ကိစ္စနှင့်များ ပတ်သက်၍ နေလိမ့်မည်လား။

"ဒါက ကိုယ်တော့် ကိုယ်ရံတော်ရဲ့ တံဆိပ်ပြားပဲ။ ခင်ဗျားတို့ ဘယ်လိုရလာခဲ့ကြတာလဲ"

"အာမခံချက်အနေနဲ့ ပေးထားခဲ့တဲ့အရာမို့ ဒါကိုယုံပြီး ကျုပ်တို့ ဒီအထိ လိုက်လာခဲ့ရတာပါ အရှင်။ ကျုပ်တို့ တိုင်းပြည်အရှင်လည်း တိုင်းပြည်ရေးရာတွေ ဖြေရှင်းပြီးရင် လာခဲ့မယ်လို့ အမှာပါးလိုက်ပါတယ် အရှင်"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now