Episode:21

1.1K 112 59
                                    

"မင်းသားလေး"

"မယ်မယ်? နာမကျန်းဖြစ်နေတာလား"

ဖြူဖျော့ကာ အားအင်မရှိဟန်ပေါ်နေသော သူမ။ စိုးရိမ်စွာ ကြည့်နေသော ကလေးငယ်ရှေ့တွင်တော့ အားတင်းကာသာ ပြုံးထားလေရှာသည်။ ယိုယွင်းနေသော အခြေအနေတို့အား မသိဟန်ပေါ်သော ကလေးငယ်အား တဖက်လှည့်နှင့် နှင်ရုံအပြင် မစွမ်းသာသော အခြေအနေသာ။

ကင်မ်မင်းဆက်ကိုသာ ထီးနန်းကို ပိုင်ဆိုင်စေလိုသော သူမ၏ အတ္တ။ ထိုအတ္တစိတ်ကလေးကြောင့် မင်းသားငယ်လေးသည်တော့ ကျိန်းသေပေါက် လုံခြုံသည့်နေရာတွင်ရှိနေမှသာ ဖြစ်ပါမည်လေ။

"မင်းသားလေး။ ဦးလေးပတ်ခ်ကို မှတ်မိလား။ မယ်မယ့် မိတ်ဆွေလေ"

သူမ၏ အမေးနောက် နောက်ဆက်တွဲကို ခန့်မှန်းမမိပဲ ခေါင်းငြှိမ့်ရှာသော ထိုကလေးငယ်။

"ဦးလေးနဲ့အတူ ခရီးတစ်ခု သွားရမယ်ထင်တယ်"

တိုက်ပွဲတွင်း ရင်းနှီးခဲ့ဖူးသူ သင်းကွဲalpha ထိုသူက သွေးသားမတော်စပ်သည့်တိုင် အစစ အရာရာအကူအညီပေးခဲ့ဖူးသလို သူမ၏ ဘဝဇာတ်ကြောင်းကို အသေအချာသိသည့် သူမ၏ ယုံကြည်ဖွယ် လူယုံ လူနည်းစုထဲမှ တစ်ဦးသာဖြစ်သည်။ ထိုသူမှလွဲ၍ မင်းသားငယ်လေးအား စိတ်ချစွာအပ်နှံနိုင်မည့် နေရာဟူ၍ ရှိမည်တဲ့လား။ နန်းတွင်းရှိလူအတော်များများက သူမဘက်မှာမှ မရှိတော့ပဲ။

"ဟင် မယ်မယ်က နေမကောင်းဖြစ်နေတာကို ဘယ်ကိုသွားရမှာလဲ"

"မယ်မယ့်စကားကို နားထောင်ပါ မင်းသားလေး။ နန်းတွင်းက အရင်လို လုံခြုံတဲ့နေရာ မဟုတ်တော့ဘူး။ ဒါကြောင့် မင်းသားလေးက လုံခြုံတဲ့နေရာမှာ ခဏလေးတိမ်းရှောင်နေမှရမယ်"

မကြာမှီမှာပင် ဖြစ်လာမည့် လူယုတ်မာတစု၏ နန်းလု အစီအစဥ်ကိုလည်း သူမ သိသည်။ နှစ်ပြည်ထောင်ချစ်ကြည်ရေး အမည်ခံကာ လူသတ်ပွဲ ကျင်းပတော့မည့် အကြောင်းအရာကိုလည်း ရိပ်စားမိသည့်တိုင် သူမတွင် ခုခံအကာအကွယ်ပေးနိုင်မည့် အင်အား မရှိတော့သည်လေ။ စစ်သေနာပတိတစ်ဦးအနေဖြင့် အာဏာစက်ပြင်းခဲ့ချိန်တို့သည် ယခုတော့ ပါးစပ်ရာဇဝင်အလားပါပင်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now