Warning: Mature Scene ahead. If it's uncomfortable for you, start reading from 4th paragraph please
"ခင်ဗျားရဲ့ rutကို ကိုယ်တော်နဲ့အတူ ကုန်ဆုံးပေး alpha။ ဒါအမိန့်ပဲ။"
"အရှင်..."
"ဘုရင့်အမိန့်ကို ဖီဆန်ရင် ဘယ်လိုပြစ်ဒဏ်လဲဆိုတာ သိတယ်မဟုတ်လား ကိုယ်ရံတော်ကင်မ်"
"အရှင် ကျုပ်ကို ကြိုက်တဲ့ပြစ်ဒဏ်ပေးပါ ကျုပ်အရှင့်ကို အခွင့်အရေးမယူချင်----"
alpha၏ စကားတို့ အဆုံးမသတ်ခင်မှာပင် အရှင်က တုံ့ပြန်စကားမဆိုပဲ လက်မောင်းတန်းတို့ဖြင့် လည်ပင်းကို သိုင်းဖက်ရင်း ကိုယ်နှစ်ခုကို နီးကပ်စေသည်။ ထို့နောက်တွင်တော့ နီစွေးစွေး နှုတ်ခမ်းဖူးဖြင့် ရစ်မူးဖွယ် ထိကပ်စေရင်း သူ့အား ရုန်းရခက်အောင် ဆွဲဆောင်လေတော့သည်။
ရဲတင်းလွန်းသော အရှင်လေး၏ အပြုအမူနောက် ဆန္ဒကို ထိန်းချုပ်ကာနေရသော alpha၏ အစိမ်းရောင် မျက်ဝန်းတို့မှာ ပြူးကျယ်လျက်ပင်။ လက်လွန်ပြီးရင် ပြန်ဆုတ်ရခက်သောအခြေအနေအား နှစ်ဦးလုံးသိပါရက်နှင့် အရှင်ကလေးက သူ့စိတ်များ လွတ်ထွက်စေရန် ပြုမူနေသည်လေ။
သူသည်လည်း ဘာသားနှင့်ထုထားသည်မို့လဲ။ မှန်းဆတမ်းတရသော အရှင်သခင်လေး ကိုယ်တိုင်က လိုလိုလားလားဖြင့် လက်ခံနေမှတော့ သည့်ထက် မချုပ်တည်းနိုင်တော့ပါလေ။ ဖြစ်လာသည့် အကျိုးဆက်ကိုတော့ နောင်မှသာ ဖြေရှင်းချက်ရှာရပါတော့မည်။
"အဟက် ခင်ဗျားတကယ် သတိကောင်းတဲ့လူပဲ ကင်မ်ထယ်ဟျောင်းရဲ့။ လေးစားမိပါရဲ့"
အရှင်လေးက အကျင့်အတိုင်း ရန်စလေဟန် ခပ်ထေ့ထေ့ဆိုသော်လည်း စိတ်မဆိုးနိုင်။ ထိုအစား ပေါင်တံဖြူဖြူမှ ကိုင်မြှောက်ပွေ့ချီလိုက်ရင်း လိုဏ်ဂူ နံရံသို့ ထိကပ်စေကာ ဖလှယ်လက်စ အကြင်နာတို့ကို ဆက်စေသည့်အခါ သည်တကြိမ် မျက်ဝန်းလေးများ ပြူးကျယ်ရသူက အရှင်လာဗင်ဒါလေးပါပင်။
အကြောပြိုင်းပြိုင်းထသော လက်သွယ်သွယ်တို့သည် ခါးသိမ်သိမ်လေးကို တလှည့် ပေါင်တံကျစ်ကျစ်တို့ကိုတလှည့်ပွတ်သပ်ရင်း သာယာစေသည်။ မျက်နှာချောချောက ဘယ်ညာရွေ့လျားရင်း အကြင်နာစစ်ပွဲတွင် အနိုင်ရရှိရေးအား ကြိုးပမ်း၍နေသည်။ လေထုထဲတွင် တစတစပို၍ပြန့်လွင့်လာသော လာဗင်ဒါရနံ့ပျပျသည် ပြင်းထန်နေပြီးဖြစ်သော မိုးရနံ့၏ လွမ်းခြုံမှုကြား တိုးဝင်ကာ ပေါင်းစပ်နေလေတော့သည်။
YOU ARE READING
𝕸𝖔𝖓𝖆𝖗𝖈𝖍
Fantasy𝑌𝑒𝑠 𝑀𝑎𝑗𝑒𝑠𝑡𝑦, 𝑦𝑜𝑢'𝑟𝑒 𝑡ℎ𝑒 𝑡𝑟𝑢𝑒 𝑚𝑜𝑛𝑎𝑟𝑐ℎ •••••••••••••••••••••••••••••••••••••••••••••• Taekook Omegaverse Start: 06/06/22 End: --/--/-- Disclaimer: this fiction is based on author's imagination and doesn't concern with real...