"ဒီမှာအဆင်ပြေပါတယ်ဆိုနေ။အမေစိတ်မပူပါနဲ့...ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ"
အခန်းတံခါးအားဖွင့်လိုက်ချင်းပင် ကျောပေးကာ စာရေးစားပွဲ၌ ဖုန်းပြောနေသောRicky။
သူဝင်လာတာကို သိပုံမပေါ်ဘူး....ဖုန်းသံကလဲ တစ်ဖက်လူရဲ့စကားပြောသံကအစ ကြားရသည်အထိ ကျယ်လွန်းနေသည်ကိုး..."သားငယ် တစ်ယောက်ထဲပဲ နေမနေပါနဲ့ သူငယ်ချင်းတွေလဲထားပါအုန်းကွယ်။မနှစ်ကတုန်းကလဲ မင်းမှာသူငယ်ချင်းအပေါင်းသင်းမရှိဘူးမှတ်လား...မေမေသိတယ်"
"သူငယ်ချင်းတွေက ရှိပါတယ်"
ဘယ်သူမှန်းသူကိုယ်တိုင်မသိသော်လည်း Rickyထိုကဲ့သို့သာ အဆင်ချောအောင် လိမ်ရလိမ့်မည်။
"သား မေမေ့ကိုစိတ်ပူမနေပါနဲ့။Yu Jinလေးက မေမေ့ဆီ မကြာမကြာလာလည်ပါတယ်"
"အင်း။"
Yu Jinဆိုသည့်အသံကြားသည်နှင့် Rickyတိတ်ဆိတ်သွားခဲ့သည်။ထိုအရာကို သူ့အမေလည်းခံစားမိသည်။နောက်ကျောပြင်ကိုရပ်ကြည့်ရင်း Kim Ji Woong လည်း သတိထားမိခဲ့ပါသည်။
"ခွင့်လွှတ်လိုက်ပါသားငယ်ရဲ့....Yu Jinလေးက ဘာအပြစ်မှမရှိပါဘူးကွယ်။သူကလည်း သနားဖို့ကောင်းတဲ့ကလေးလေးပါ"
"ကျနော် လက်ခံနိုင်အောင် ကြိုးစားပါ့မယ်။ဒါပဲနော် ကျနော်ဖုန်းချလိုက်တော့မယ်"
သူအမုန်းဆုံးသူ့အဖေမယားငယ်၏သားတစ်ယောက်။ထိုမိန်းမနာမည်ကို သူအသံတောင်မကြားချင်တဲ့အထိ မုန်းသည်။17နှစ်ကောင်လေးတစ်ယောက်မှာ ဘာအပြစ်မှမရှိဘူးဆိုပင်မဲ့ သူ့အမေကိုမုန်းတီးတဲ့စိတ်ရဲ့အကျိုးသက်ရောက်မှုကတော့ ထိုကောင်လေးအပေါ် ရှိနေခဲ့တယ်။
Han Yu Jin ကို သူမမုန်းပါဘူး။ဒါပင်မဲ့ သူအသိမှတ်လည်း မပြုနိုင်ဘူး။
"အဟွန်း"
သူ့အနောက်မှချောင်းဟန့်သံကြောင့် Rickyအတွေးတို့ ရပ်တန့်သွားကာ မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။
မျက်နှာသေဖြင့် စိုက်ကြည့်နေသော Rickyကြောင့် Kim Ji Woong ခြေလှမ်းတို့တောင် မှားယွင်းတော့မလိုပင်။
YOU ARE READING
Fallin'Harder
Fanfiction• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke