Part-14

481 51 35
                                    

Unicode

လူနှစ်ယောက်ချစ်ကြိုက်မိပီဆိုတာနဲ့ နောက်ဆက်တွဲစဉ်းစားရမှာက၊
နှစ်ဦးစလုံးရဲ့ ကိုယ်ပိုင်စိတ်နေစိတ်ထား‌တွေနဲ့ အကျင့်စာရိတ္တတွေဟာ မတူညီနိုင်ဘူးဆိုတာဘဲ။

ကိုယ့်မှာ သူဘဲရှိပေမဲ့။ သူမှာ့တော့
တယောက်မက ထပ်ပီးရှိနေနိုင်တာမျိုး။
ကိုယ်က နားလည်သီးခံတတ်ပေမဲ့ သူကတော့ သူ့အတ္တနဲ့မာနကိုသာ ရှေ့တန်းတင်တတ်တဲ့လူမျိုး။

ကိုယ်အကြိမ်ကြိမ်သီးခံလာတယ်ဆိုတာမှာလဲ အတိုင်းအတာတခုထိဘဲရှိနိုင်မယ်။
သူက အဆုံးထိ အတ္တကြီးတဲ့လူတယောက်ဆိုရင် အဲ့ဒီလူကိုရွေးချယ်မိတဲ့သူက တသက်လုံး ငို‌ယို‌ေနရပီး ကိုယ့်ဘဝကိုယ်ပျောက်ဆုံးသွားရလိမ့်မယ်။

ဖြည့်တွေးနားလည်ပေးတဲ့‌ နေရာမှာလဲ
ခံနိုင်ရည်ကျော်လွန်သွားရင် အဲ့ဒီအရာကိုလက်လွှတ်လိုက်ရတော့မယ်။ ဆွဲထားရတာကနာကျင်လာရင် အနာသက်သာစေဖို့လွှတ်ချလိုက်ဖို့လိုတယ်။

"ရှင်နဲ့ ကျွန်မဇာတ်လမ်းက ဒီမှာတင်ပြီးပီ"

"Eun..မဟုတ်ဘူး ကိုယ့်ကိုရှင်းပြခွင့်ပေးပါ"

"အားလုံးဖြစ်ခဲ့ပြီးသားတွေကို အတိတ်မှာဘဲချန်ထားခဲ့မှာပါ စိတ်မကောင်းပါဘူး ဂျောင်"

အိမ်ထဲကနေ အလျှင်စလိုပြေးထွက်လာခဲ့ပါတယ်။ ထားသွားခဲ့တဲ့သူမှာလဲ နှလုံးအိမ်တွေ
ကြေကွဲရသလို သူမနည်းတူ ကျန်ရစ်ခဲ့တဲ့သူမှာလဲ ကမ္ဘာပျက်ပီးကျန်ခဲ့မှာကို ဟာအွန်းကောင်းကောင်းသိပါတယ်။

အခု ကိုယ့်ခြေထောက်နဲ့ကိုယ် ဒီအိမ်ကြီးရဲ့အပြင်ဘက်ကို ထွက်သွားနိုင်နေပြီလေ။
ဆက်ပြီး ဒုက္ခတွေကို မခံစားရတော့မယ့်ဟာကို ပျော်နေရမှာမလား။ ပျော်နေရင်ကော
တရားပါ့မလား။

ဂျောင့်မှာ ကိုယ်တယောက်ဘဲသူ့အတွက် အကောင်းဆုံးဖြစ်နေတာကိုသိပါတယ်။
ကိုယ့်ကိုသိပ်ချစ်မှန်းလဲသိပါတယ်။ သိပ်ကိုတွယ်တာပြီး မိသားစုထက်ပိုပီး ကိုယ့်အပေါ်
အလေးထားခဲ့မှန်းလဲသိခဲ့ပါတယ်။

ဟာအွန်းဆိုတာသာ ဂျောင့်ဘဝထဲမရှိတော့ရင် ပြိုလဲသွားမယ့်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊
သာမန် ကောင်လေးတယောက်မဟုတ်တဲ့
အတိတ်ဆိုးတွေနဲ့ စိတ်ဒဏ်ရာတွေကြား သူဘယ်လိုရှင်သန်ပါတော့မလဲ။

You've reached the end of published parts.

⏰ Last updated: Jun 11, 2023 ⏰

Add this story to your Library to get notified about new parts!

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Where stories live. Discover now