Part-2

595 94 32
                                    

Unicode

Gold Coast မြို့ရဲ့ အထက်မြင့်တိုက်ပေါ်မှ
လှမ်းမျှော်ကြည့်နိုင်သောပင်လယ်ထက်
ပိုစွဲမက်စရာကောင်းတဲ့ ယောင်္ကျားပီသပြီးရုပ်ဖြောင့်တည်ငြိမ်သော လူရွယ်တစ်ယောက်။

ရှည်လျားသွယ်လှသော လက်ချောင်းရှည်တွေက ညှက်ယူထားသော ဝိုင်ခွက်ရဲ့အောက်ခြေကို ပင့်မော့၍ ဝိုင်နီတွေကို
မဲ့တစ်စုံက သုံးဆောင်တယ်။
ပြီးတော့သူ့မှာ ပျိုမဒီတွေ ခွေလဲမတတ်ရူးပစ်
ချင်စရာကောင်းတဲ့ အသံဩဩလဲရှိတယ်။

"Boss!ချောင်းချာ ရောက်ပါပီ"

အခန်းပြင်က ချောင်းချာရဲ့ အသံကြောင့်အပေါ်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်ကို
Shower Code လွှမ်းချုံလိုက်ပြီး
ဝင်ခဲ့ဖို့ခွင့်ပြုတော့ သူမက ကိုရီယားက သတင်းအချက်အလက်တစ်ချို့နဲ့
Kim..လုပ်ရမဲ့ ဒီနေ့ရဲ့ အလုပ်ဇယားကို
ရှင်းပြသည်။

"အခုမနက်ကတော့ Belinda ရဲ့ ကျန်းမာရေးသွားစစ်ပေးရဖို့ရှိပါတယ်"

"အမ..ကျွန်တော် လုပ်နေတာတွေမှန်ရောမှန်ရဲ့လား သူဌေးတစ်ယောက်အနေနဲ့မဟုတ်ဘဲ
အကြံပေးကြည့်ပါ"

"အကောင်းဆုံးတွေဘဲ လုပ်ပေးခဲ့တာပါ..
ဒါကို အမတို့အသိဆုံးဘဲလေ.."

"ကောင်းပီ"

ပါမေက္ခတစ်ယောက်ရဲ့ အိန္ဒြေသိက္ခာအပြည့်
နဲ့ လူကြီးလူကောင်းတစ်ယောက်။
သူ့ရဲ့ နီညိုရောင် ဆံလိပ်ကွေးတွေ နဖူးပြင်မှာဝဲခါနေတိုင်း ဘယ်တော့မှ သပ်တင်လေ့မရှိဘူး။‌
လျှောကျလာတဲ့ မျက်မှန်ကိုင်း‌ကို ပင့်တင်တဲ့ လက်ချောင်းတွေက လူပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ကုသပေးထားသော
အဖိုးတန် စေညွှန်ရာ။

Melbourne (မဲလ်ဘုန်း)မြို့။

နှစ်ထပ်လုံးချင်းအိမ်ရှေ့သို့ ရပ်လိုက်သော
ကားပေါ်မှ အနက်ရောင် လည်သာဖိနပ်
ပိုင်ရှင်သည် နှစ်တွေအကြာကြီးစာရေးသူဖုံးကွယ်ထားခဲ့သော ဇာတ်လမ်းတစ်ပုဒ်လုံး
၏ ကကြိုးဆရာ...ဝှက်ဖဲ တစ်ဦးဖြစ်သည်။

"လူကြီး!အပြင်သွားမယ် လိုက်ပို့ပေးလို့!"

အိမ်ထဲသို့ဝင်ဝင်ချင်း စွာစိလန်နေသော အသံစူးစူးလေးနှင့် ဧည့်ကြိုခံရသည်။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Where stories live. Discover now