Part-10

410 61 20
                                    

Unicode

ဒီနေ့တော့ နန်းတော်ကိုသွားလည်ကျမှာမလို့
မသွားခင် မနက်စာအတွက် ဂျေပြင်ဆင်ပေးနေသည်။ ဘယ်တုန်းကမှမလုပ်ပေးခဲ့ဖူးတဲ့
အိမ်သူလေးအတွက် ပထမဆုံးမနက်စာပေ့ါ။

"မောနင်း လင်ဒါ"

"မောနင်း"

တချိန်က အိပ်ရာထစုတ်ဖွားလေးကို ပြန်မြင်လိုက်ရတော့ ဂျေ့ ရင်ဘက်ထဲကနေ လှိုက်ခနဲ
မျက်ရည်ဝဲတက်သွားတယ်။
ထပ်မတွေ့ရတော့ဘူးလို့ လူတိုင်းကဝိုင်းပြောတော့ လက်မခံချင်ခဲ့သလို ၊
ပြန်တွေ့ရပါပီဆိုတော့လဲ ဂျေ့မှာ
မယုံနိုင်ဖြစ်လို့မဆုံးပြန်ပါ။

သိပ်ချစ်တာကိုး၊ ရူးမိတာပေါ့ကွယ်။

မနက်စာစားကျရင်း စကားစမြည်ပြောနေကျရင်းကနေ မင်ယွန်းဂီး အကြောင်းပါလာတော့၊ ဂျေ့မှာ အန်ကိုကျိတ်..လက်သီးဆုပ်လျက်သာ ငြိမ်ပီး နားထောင်ပေးနေမိသည်။

"လင်ဒါ ဆေးရုံကုတင်ပေါ်ကနိုးနိုးချင်းမှာဘဲ
သူ့ကိုယ်သူ Kavinဆိုပီး မိတ်ဆက်လာတဲ့သူက လင်ဒါ့ ခင်ပွန်းတဲ့လေ..

ကျွန်မဘဝရဲ့အစစအရာရာအားလုံးကို ကျွန်မစိတ်ကြိုက်ဖန်တီးခွင့်ပေးခဲ့ပီးတော့ သူတောင်းဆိုတာက လက်ထပ်ပေးဖို့ပါဘဲတဲ့"

"အဲ့တော့ လင်ဒါက လက်ခံလိုက်လား"

သူမ ခေါင်းလေးအသာခါပြသည်။
တော်သေးတာပေါ့အချစ်ရယ်၊ မဟုတ်ရင်
ကိုယ်ထပ်ပီး ရင်ကွဲရချီရဲ့။

"ကျွန်မကိုယ်ကျွန်မ ရှာဖွေကြည့်ချင်တယ်
ဂျေ ၊ ကယ်ဗင်က ကျွန်မရဲ့ဇစ်မြစ်အကြောင်းဘာတစုံတရာမှ သူ့ကိုမေးမရခဲ့ဘူး"

အတိတ်ဆိုးတွေနဲ့ အိမ်ထောင်သည်ဘဝကို
ပြန်မှတ်မိရင် ကိုယ့်ကိုပြန်လက်ခံပါတော့မလား။

"ပြီးတော့ ဒီအမာရွတ်တွေအကြောင်းလဲသိချင်တယ်"

လက်မောင်းပေါ်ကစာတန်းရှည်ကို မြင်တိုင်း
‌ဂျေ ရင်နာရပါတယ်။ သူ့ကိုဘယ်လောက်တောင်မုန်းတီးနေလိုက်မလဲ။

ချစ်တဲ့အတ္တစိတ်တစ်ခုထဲနဲ့ မင်းကိုချုပ်နှောင်ထားမိလို့ တောင်းပန်ပါတယ်။
တခြားမိန်းမတွေအပေါ်အပျော်တမ်းကစားလေ့ရှိတဲ့ ကိုယ့်နှလုံးသား ကို နှစ်ယောက်မရှိတဲ့ကိုယ့်ရဲ့အိမ်သူလေးက မူပိုင်တယ်။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Where stories live. Discover now