Part-8

406 71 26
                                    

Unicode

ကိုရီးယားက မူရင်းကုမ္ပဏီကို Kavin တဖြစ်လဲ ယွန်းဂီး ခဏရောက်နေသည်။
အလုပ်ကြောင့်သာ ခရီးထွက်ခဲ့ရပေမဲ့ ဩစီက ချစ်ရသူလေးကို စိတ်မချပါ။

အတိတ်ကအငွေ့အသက်တွေလွှမ်းမိုးနေတဲ့ ဒီမြေကြီးကို တခေါက်ပြန်လာရတော့လဲ
တယောက်ယောက်ကိုသတိရမိသား။

"ဟိုကလေးမ ဘာတွေလုပ်နေပါလိမ့်"

သိချင်စိတ်ကို ချိုးနှိမ်ပီး ကွန်ပျူတာကိုသာ အာရုံလွဲလိုက်တော့သည်။
မဟုတ်ရင် သူလူလွှတ်ပီးစုံစမ်းခိုင်းမိလိမ့်မည်။

"ရှာတွေ့ပီ မင်ယွန်းဂီးး!!!"

"ဘာကြီး အမလေး!"

လုံခြုံရေးတွေလက်ထဲက အတင်းရုံးထွက်လာပုံရသော ဟာနာသည် ယွန်းဂီးဆီကို ပြေးကာခုန်အုပ်လိုက်တာကြောင့် အကုန်ဂျွန်းထိုး မှောက်ခုံတွေဖြစ်ကုန်ရသည်။

"ဦး..စောင့်လိုက်ရတာ"

ဟာနာ နေ့တိုင်း ဆေးရုံကပြန်တာနဲ့ ဒါမဟုတ်
အားလပ်ချိန်တိုင်း ဒယ်ဂူမုန့်တိုက်စီ လာလာချောင်းချောင်းနေခဲ့ရသည်။
ခုတော့ အမိဖမ်းနိုင်ပီမို့ ဘယ်သူတားတားရအောင်ရုန်းပီး ဦး ဆီအပြေးရောက်လာခဲ့ရတာ။ ဦး နည်းနည်းတော့ အသိအမှတ်ပြုကောင်းပါရဲ့။

"မင်းတို့ပြန်လို့ရပီ"

ကိုးရို့ကားယားနဲ့ သူတို့ပုံစံကိုကြည့်နေတဲ့ ပြုံးစိစိနဲ့ဝန်ထမ်းတွေကြောင့် ရှက်ကိုးရှက်ကန်းဖြင့် ယွန်းဂီးပြန်လွှတ်လိုက်ရသည်။ နောက်ဆိုယောင်လို့တောင်သတိမရရဲတော့ဘူး တမိတာနဲ့ အိမ်ခန်းထဲထိတောင်ရောက်လာမလားမသိဘူး။

"လူပေါ်ကဖယ်အုံးလေ"

"ဟင့်အင်း လွမ်းနေတာ"

"ရားး မင်ဟာနာ!"

"အိုမို ဒီအသံလေးကိုကြားရဖို့ဘယ်လောက်တောင် ချောင်းခဲ့ရလဲ'

"ဟမ်! ချောင်းတယ်"

"အယ် မဟုတ်ပါဘူး"

"ဟင်း..ဟာနာ မင်းငါ့ကိုခုထိစိတ်မကုန်သေးဘူးလား"

ဝိုင်းကနဲဖြစ်သွားသော မျက်ရည်စလေးများအား ယွန်းဂီးမြင်သော်လည်း စကားတွေနဲ့
ထပ်ပီးနာအောင်ပြောပစ်ဖို့လိုသည်။
အခုသူ့မှာ ဟာအွန်းရှိနေပီလေ၊
ဟုတ်တယ် အရင်ထဲကလဲ ဟာအွန်း၊ အခုလဲ
ဟာအွန်းကိုဘဲ ချစ်ရမှာပေါ့။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Where stories live. Discover now