Part-3

561 96 24
                                    

Unicode

"ဂျောင်ဂု..
အောက်ထပ်မှာ ဟိုယန်း ရောက်နေတယ်၊
ထွက်တွေ့လိုက်ပါလား"

"ရှာတွေ့ပြီတဲ့လား.."

"သူအခုလာတာက အလုပ်ကိစ္စတိုင်.."

"ဒါဆို ပြန်ခိုင်းလိုက်ပါ"

ဒေါက်တာပတ် ဘယ်လောက်ဘဲ ဖြောင်းဖျ
ပါစေ ၊လက်ခံပြီးတွေ့ပေးမှာ မဟုတ်တဲ့အတွက် ဂျီမင်း လက်လျော့၍
အောက်ထပ်ကိုသာပြန်ဆင်းလာခဲ့သည်။

"အားနာပါတယ်ကွာ.."

"မဟုတ်တာဘဲ CEO အခုချိန်မှာ ဘယ်လိုခံစားနေရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"

"မင်းမပြန်သေးရင် ခဏလောက်စကားပြောရအောင်"

အိမ်အကူလေးများ လာချပေးသော လက်ဖက်ရည်ကြမ်းခွက်နှင့် ဧည့်ခံကာ
ဟိုယန်းဆီမှ စကားနှိုက်ကြည့်ဖို့ ဂျီမင်းရည်ရွယ်လိုက်ခြင်းဖြစ်သည်။

"ဟာအွန်းရဲ့ သတင်းရသေးလား"

"ကျွန်တော်စုံစမ်းနေတုန်းပါ"

ဟိုယန်းသည် ဂျီမင်းနဲ့ မျက်လုံးချင်းအဆုံ
မခံ ၊ ဟာအွန်းအကြောင်းကိုမေးလိုက်တိုင်း ဆန့်ကျင်ဘက်အရပ်ဆီသာ မျက်နှာလွှဲ၍ ပြန်ဖြေလေ့ရှိသည်။

"တောင်းဆိုတာပါ၊ မင်းရဲ့ ceo ခံစားခဲ့ရတာတွေလဲ မြင်နေရတာဘဲ၊လုံလောက်ပြီမဟုတ်ဘူးလား"

"ကျွန်တော့်ဘက်က အဖြေမရှိဘူး ဒါပေမဲ့..
ကြိုးစားကြည့်ပါဦးမယ် ပြန်ခွင့်ပြုပါဦး"

ခြေလှမ်းကျဲတွေနဲ့ ထွက်သွားသော ဟိုယန်းမှာ ဂျောင်ဂုလိုချင်နေတဲ့ အဖြေကျိန်းသေ
ရှိနေနိုင်တယ်လို့ ဂျီမင်း ကောက်ချက်ချလိုက်သည်။

ဆရာဝန်တစ်ဦးဖြစ်တဲ့အလျှောက် လူနာအပေါ်ထားတဲ့ စေတနာက သူ့ရဲ့ခံစားနေရသော ဝေဒနာတွေကို ပျောက်ကင်းသွားစေချင်တယ်။ နောက်ပြီး ဂျောင် ဟာ
တမြို့ထဲသား သူငယ်ချင်း။
ဒီ‌နှစ်တွေအတွင်း ဂျောင် ခံစားခဲ့ရတာတွေကို
ကောင်းကောင်း မြင်ခဲ့၊ကြားခဲ့ရပြီးပီဘဲမဟုတ်လား။

"ဂျီမင်းလေး.."

မီးဖိုချောင်ကလှမ်းခေါ်သော အိမ်တော်ထိန်းဆီ ပြည့်ဖောင်းဖောင်းနှင့် ချစ်စရာလူရွယ်လေး ပြေးသွားသည်။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Kde žijí příběhy. Začni objevovat