"ဟူးးး"

Chanyeol စိတ်ဖြေသည့်အနေဖြင့် သက်ပြင်းကျယ်ကျယ်ချလိုက်ပြီးအလုပ်ဆက်လုပ်ရန်သာပြင်လိုက်သည်။အခုအချိန်မှာ ကုမ္ပဏီကနလန်ပြန်ထူခါစဆိုတော့ အလုပ်တွေအများကြီးကြိုးစားရမယ်မလား။အဲ့ဒါမှ အရင်လိုအေးအေးဆေးဆေးအခြေအနေပြန်ဖြစ်ပြီး သူ့မှာလည်းအချိန်တွေအများကြီးပိုမှာလေ။အဲ့ဒီအခါကျ Hyunလေးအနားနေပြီးဂရုစိုက်ပေးဖို့အချိန်ပိုရတာပေါ့။

တစ်ဦးတည်းသောမိသားစုဝင်နဲ့တောင်ခွဲခွါပြီး Chanyeol နဲ့လိုက်နေရတဲ့ကလေးလေးအပေါ် မေတ္တာတွေနည်းနည်းလေးတောင် မလစ်ဟင်းစေချင်တာ အကြီးမားဆုံးဆန္ဒဖြစ်သည်။

Ring Ring Ring

ဖုန်းမြည်သံကြောင့် အတွေးတွေကိုရပ်လိုက်ပြီး ခေါ်ဆိုသူကိုကြည့်လိုက်တော့ ဥက္ကဌ Byun ဖြစ်နေသည်။Chanyeol ချက်ချင်းပဲလက်ခံလိုက်ပြီး

"ဟဲလို အဖေ"

"သား Chanyeol"

"ဟုတ်ကဲ့"

"ဒီလိုသားရေ အဖေတို့အိမ်ကအဒေါ်ကြီးကလေ သူကအဖေ့ဆီကနေတောင်အလုပ်ထွက်ပြီး နယ်ကသူ့အမျိုးတွေဆီပြန်ဖို့တွေးနေတာတဲ့၊ အသက်အရွယ်လည်းရနေပြီဆိုတော့ အဒေါ်ကြီးရဲ့ဝမ်းကွဲတွေက အဒေါ်ကြီးကိုပြန်ခေါ်ပြီးအနားမှာထားချင်ကြတယ်တဲ့လေ၊ အဲ့ဒါ သားတို့အိမ်ကို ပို့လို့ရတော့မယ်မထင်ဘူးကွ၊ သူလည်း သားသားကိုသံယောဇဉ်ရှိပေမယ့် တစ်ဖက်ကသွေးသားတွေဆိုတော့လေ"

"ကျွန်တော် သဘောပေါက်ပြီ အဖေ၊ အဆင်ပြေပါတယ် အဖေရ၊ ဒီနေ့တောင် Hyunလေးက အိမ်မှာအဖေတို့နဲ့ကျန်ခဲ့တာဗျ၊ ကျွန်တော်ဖုန်းလှမ်းဆက်တော့ အဖေကအဆင်ပြေတယ်ပြောတယ်၊ ခြံထဲကဒန်းအနားမှာ ငြိမ်ငြိမ်လေးဆော့နေတယ်တဲ့"

"အေးကွာ သားသားကဒန်းတော့သိပ်ကြိုက်တာ၊ အဆင်ပြေတယ်ဆိုတော့တော်သေးတာပေါ့၊ သားသားအဆင်ပြေအောင် Chanyeol ကပဲအစစအရာရာကြည့်စီစဉ်ပေးပါဦးကွာ၊ အဖေစိတ်ချတယ်နော်"

တစ်ဖက်လူမမြင်နိုင်မှန်းသိပေမယ့် Chanyeol ခေါင်းတဆက်ဆက်ညိမ့်လိုက်မိသည်။

"စိတ်ချ အဖေ၊ ကျွန်တော့်ကို စိတ်ချပါ၊ ကျွန်တော်ကလည်း အဖေ့လိုပဲ Hyunလေးအဆင်ပြေမှုကို ဦးစားပေးတဲ့လူပါ"

Warm Love (Completed)Where stories live. Discover now