"ကိုကိုပြန်လာမှာ ခဏပဲသွားမှာနော်၊ Hyunလေးကလိမ္မာတယ်၊ ကိုကို ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိအောင်မလုပ်ပါနဲ့ကွာ"

ခေါင်းလုံးလုံးလေးကို တရှုံ့ရှုံ့နမ်းရင်း Chanyeol အယူခံဝင်မိတော့ Hyunလေးက ငြိမ်ပြီးနားထောင်နေသည်။မျက်လုံးလေးကလည်းဟိုကြည့်ဒီကြည့်နဲ့မို့ စိတ်နည်းနည်းအဆင်ပြေနေပြီလို့ထင်သည်။

ထိုအချိန် အပေါ်ထပ်တက်သွားသည့် အဖေပြန်ဆင်းလာသည်။လက်ထဲမှာလည်း Hyunလေးရဲ့ အရုပ်သေးသေးလေးတွေအပြည့်ဖြင့်။

"ဒီမှာကြည့် Baekhyun လေး အရုပ်လေးတွေလေ၊ ဦးလေးPark နဲ့ဆော့ကြမယ် နော်"

အရုပ်တွေမြင်တော့ လက်ဖြန့်ပေးလိုက်တဲ့ Hyunလေးရဲ့လက်ဖဝါးနှစ်ဖက်ထဲကို အဖေကအရုပ်အနည်းငယ်ထည့်ပေးလိုက်သည်။

"ဆော့မှာမလား လာ လာ သွားဆော့ကြမယ်"

အဖေရောဒေါ်ကြီးတို့လင်မယားရော တက်တက်ကြွကြွဖြင့် Hyunလေးကို တစ်ဖက်တစ်ချပ်စီကနေလက်ဆွဲခေါ်သွားတော့ Hyunလေးက Chanyeol ကိုလှည့်ကြည့်လိုက် အရုပ်တွေကိုကြည့်လိုက်ဖြင့်ပါသွားသည်။

"ဟူးး"

သက်ပြင်းကိုချလိုက်ပေမယ့် Chanyeol ရဲ့စိတ်တွေပေါ့ပါးမသွားခဲ့။

သို့ပေမယ့်လည်း အလုပ်ကမလုပ်လို့မဖြစ်တာကြောင့် မျက်စိစုံမှတ်ပြီးသာ အိမ်ထဲကနေထွက်လာခဲ့လိုက်သည်။

.................................................................................

ကမောက်ကမဖြစ်သွားတဲ့လချုပ်စာရင်းတွေကို ပြန်ပြင်နေရပေမယ့် စိတ်က အလုပ်ထဲမှာအလုံးစုံမနှစ်နိုင်ခဲ့ပါ။အတွေးတစ်ဝက်လောက်က အိမ်မှာကျန်နေခဲ့တဲ့ အမျိုးသားလေးဆီမှာ။Hyunလေးငိုများငိုနေလေမလား။အတွေးနှင့်အတူ အိမ်ကိုဖုန်းဆက်ရန်ပြင်လိုက်ပေမယ့် မကြာသေးမီကပင် အဖေပြောထားတဲ့စကားကနားထဲဝင်လာသည်။

*Baekhyun လေးဘာမှမဖြစ်ဘူး၊ ဒန်းအနားမှာ အရုပ်တွေနဲ့ဆော့နေတယ်၊ ငါခေါက်ဖျာလည်းသေချာခင်းပေးထားတယ်၊ မင်းသာအလုပ်ကိုကောင်းကောင်းလုပ်၊ ဒီမှာငါတစ်ယောက်လုံးရှိတယ်*

မနက် အလုပ်ရောက်ကတည်းက နာရီဝက်ခြားတစ်ခါလောက် အိမ်ကိုဖုန်းလှမ်းဆက်နေတဲ့သူ့ကို အဖေလည်းစိတ်မကြည်တော့ဘူး ထင်ပါသည်။အခုတစ်ခေါက်ထပ်ဆက်ရင်တော့ ကျိန်းသေပေါက်အော်ခံရကိန်းရှိသည်။

Warm Love (Completed)Where stories live. Discover now