ဒီနေ့အဆောင်ကိုမိသားစုတွေလာတွေ့မှာမို့နွယ်မနက်စောစောနိုးကာအဝတ်စားလဲပီးအဆောင်မှူးလာခေါ်မယ်အချိန်စောင့်နေတုန်းခေါ်သံကြားလို့ဧည့်သည်တွေ့သည့်နေရာသို့ထွက်လာလိုက်သည်။ဧည့်တွေ့ဆောင်ရောက်ခါနီးနွယ်နဲအတန်းတူသူငယ်ချင်းကောင်လေးကခေါင်းပေါ်မှာအမှိုက်တွေ့လိုဆိုပီးဖယ်ပေးတာမို့နွယ်ကျေးဇူးတင်ကြောင်းပြောပီးထွက်လာလိုက်သည်။

ဘုန်းလက်ရုန်းရင်ထဲပူသွားသည်မျက်စိရှေ့မှမြင်ကွင်းကဘာလဲကောင်လေးကနွယ်လေးခေါင်းကိုပုတ်လိုက်တာကိုနွယ်လေးကပြုံးပီးမော့ကြည့်ကာတခုခုပြောနေသည်ဒီခလေးမရည်းစားရနေတာလားဟန်မ
ဆောင်နိုင်အောင်ခြေလှမ်းကျဲဖြင့်နွယ်လေးအနားရောက်သွာမိသည်။

"ဟယ် ကိုကြီးပါလာတာလားပျော်လိုက်တာ"

နွယ်လေးကသူကိုမြင်တာနဲ့တအားပျော်နေသည်။နွယ်လေးအပြုံးကိုမြင်တော့ရင်အေးသွားရသည်။လူကိုတပြိုင်နက်ထထဲပူလောင်တာရောအေးမြတာပါခံစားချက်အမျိုးမျိုးပေးနိုင်သောခလေးမလေးဖြစ်သည်။
"စောစောကကောင်ကဘာလဲနွယ်လေးရည်းစားရနေတာလား"
"ဟာ ဟုတ်ပါဘူးကိုကြီးကလဲသူငယ်ချင်းပါ"
"ပီးရောရည်းစားမထားနဲ့အုံးနော်နွယ်လေးကငယ်သေးတယ်ချစ်ရမယ့်သူရှိရင်ကိုကြီးကိုပြောကြားလား"
"ဟုကဲ့"
"ဒီ၂ယောက်ဘာရပ်ပြောနေတာလဲလာကြလေဟိုမှာဖေဖေနဲ့မေမေစောင့်နေကြပီ"
ကိုဇန်လာခေါ်မှနွယ်လေးတို့ဖေဖေနဲ့မေမေဆီထွက်လာလိုက်သည်။မေမေကအဆောင်ကနေခွင့်၂ရက်ယူကာနွယ်လေးကိုဖွားဖွားတို့အိမ်ခေါ်လာပီးမိသားစုလိုက်
လည်ကြသည်။နွယ်လေးမှာတော့ကိုကြီးပါပါလို့ပျော်ရသလို့ပြန်ခါနီးကျတော့ငိုရသည်။မခြူးကလဲဒီကပြန်တာနဲ့နိုင်ငံခြားက်ိုကျောင်းတက်သွားမှာဆိုတော့မမနဲ့အကြာကြီးခွဲရလို့ဝမ်းနည်းတာကတမျိုးကိုကြီးနဲ့ခွဲရလို့ဝမ်းနဲတာကတမျိုးမို့ငိုရသည်။မခြူးကပြန်ခါနီး

"ငယ်လေးကလဲမငိုနဲ့လေမမနဲ့ခါတိုင်းလိုပဲvcallပြောမယ်လေနော်ကိုကိုကောလက်ရုန်းကောရှိတယ်လေနော်"
"ဟုကဲ့"
ကားပေါ်အားလုံးတက်တော့ကိုကြီးက
"နွယ်လေးကိုကြီးကိုကတိပေးနော်ကိုကြီးမသိပဲရည်းစားမထားရဘူးနော်"
"ဟုကဲ့"
"ကဲကိုကြီးသွားပီနော်"

မေမေတို့ကားလေးထွက်သွားမှ
"ကိုကြီးကိုချစ်နေတာကိုဘယ်ကရည်းစားထားရမှာလဲအကျင့်ပုတ်ကိုကြီးသူကျတော့ရည်းစားထားပီးဟွန့်"

နွယ်လေးကိုယ်ဘာသာပြောပီးအဆောင်ထဲဝင်လာလိုက်သည်။မေမေတို့လာလည်ပီးနောက်နွယ်လဲပုံမှန်
တိုင်းအတန်းတက်ရင်းစာကျက်ရင်းနဲ့အချိန်များတရွေ့ရွေ့ကုန်ကာစာမေးပွဲဖြေပီးခဲ့သည်။ကြားထဲမှာကိုဇန်မခြူးကိုကြီးတို့နဲ့ပံုမှန်အတိုင်းဖုန်းပြောဖြစ်ကြသည်။မမခြူးကလဲချစ်သူရနေပီးကိုဇန်လဲကောင်မလေးရနေပီးမကြာခင်နိုင်ငံခြားကျောင်းသွားတက်ကြမည်။ကိုကြီးကတော့မယုနဲ့အဆင်ပြေနေပီးတူတူနိုင်ငံခြားထွက်ကြမည်ဟုပြောသည်။မေမေနဲ့ဖေဖေလာကြိုပေမဲ့နွယ်လေးဖွားဖွားနဲ့သာနေချင်သည်ဆိုပီးပြန်လိုက်မသွားခဲ့ပေ။ကိုကြီးကိုမယုနဲ့တွဲမြင်လို့စိတ်ဆင်းရဲရမယ့်အစားအဝေးကပဲလွမ်းနေလိုက်ပါသည်။ကိုကြီးတို့နိုင်ငံခြားထွက်မှရန်ကုန်ပြန်တော့မယ်လို့စဉ်းစားထားလိုက်သည်။

"မေမေယုကဘာလို့ကိုညီနဲ့လက်ထပ်ရမှာလဲ"
"မေမေအကြွေးတွေကသိန်းတစ်သောင်းကျော်နေပီသမီး ကိုညီသာမေမေ့သမက်ဖြစ်ရင်အကြွေးဆပ်စရာမလိုတော့ဘူးလေ"
"ဟားမေမေကလဲသမီးဘယ်လိုမှလက်မထပ်နိုင်ဘူးနော်မေမေသမီးမသိအောင်ရုန်းဆီကနေပိုက်ဆံယူနေတာသမီးသိတယ်မသိချင်ယောင်ဆောင်ပေးနေတာကိုအမေခုလောက်ထိလုပ်ဖို့မကောင်ရဘူး"
"အမလေးနင့်ကောင်ကငါ့ကိုတခါပေးသိန်း၂၀လောက်ကိုငါကကျေးဇူးတင်ရမှာလားသူတို့တနေ့သုံးတောင်မရှိဘူးငါကတော့တစ်ရာလောက်ပေးမလားလို့ပြောမိတာမောင်ညီဆိုတခါပြောသိန်းတရာနှစ်ရာအဲ့လိုကွာတာ"
"မေမေရုန်းဆီကခနခနယူတာလဲပေါင်းလိုက်ရင်တရာနှစ်ရာမကဘူးလေပြန်လဲမပေးရဘူးလေ"
"သမီးမေမေပြောမယ်ရုန်းကသမီးတို့မေမေတို့ကိုပေးရင်တောင်ဆယ်ဂဏန်းပဲပေးနိုင်တာဘာလို့ဆိုမိဘဆီကတောင်းရတာလေမောင်ညီကျတော့သူရှာထားတဲ့ငွေဆိုတော့သူ့သဘောအတိုင်းပေးလို့ရတယ်သမီးတာသမီးကောင်လေးယူကြည့်ယောက်ခမပေးတာယူကျွေးတာစားပဲမေမေတို့ကိုဘယ်လိုထောက်ပံ့မလဲ
မောင်ညီနဲ့သာဆိုမေမေတို့ရွှေပုံပေါ်ရောက်မှာ"

မေမေပြောတာဟုတ်ပေမဲ့ယုရုန်းကိုတော့မထားခဲ့နိုင်ဘူးတဘက်ကြကည့်တော့လဲယုငွေကိုယောက်ခမလက်ဝေခံဘဝနဲ့သံုးရတာလဲမဖြစ်ချင်နဲ့တွေးရင်းစိတ်ညစ်လာသည်။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်حيث تعيش القصص. اكتشف الآن