အပိုင်း (25.2)

Beginne am Anfang
                                    

အဲ့ကိစ္စ တွေကို ရှင်းပြ ပြီးတဲ့ နောက်တော့ သူတို့ရဲ့ တာဝန်က  လုံးဝ ကို ပြီးသွား ပြီ ပဲ ဖြစ်လေတယ်။ ပစ္စည်းတွေကို နေရာချ ပြီးတဲ့နောက်မှာ လူတိုင်း က စားသောက်ဖို့ အတူ တကွ စုစည်းလိုက် ပြီးတော့ မီးဝိုင်းလှုံနေကာ စကားတွေ ဖောင်ဖွဲ့ ပြောနေ ကြလေတယ်။

ဟော်ဆန်းအာ က စကား အများဆုံး ပြောခဲ့ ပြီးတော့ ဒီနေ့ သူတို့ အပြင်ထွက်တော့ ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာ အကုန် ပြန်ပြော ပြ နေလေတယ်။

'' ရှားယု ရွာက ရွာသူ ရွာသား တွေက ငါတို့က သူတို့ရဲ့ ပစ္စည်းတွေ ကို ခိုးယူ ဖို့ လာကြ ပါတယ် ဆိုပြီးတော့ အတင်း စွပ်စွဲ ကြတာ လေ။ နောက်ပိုင်း ဘာတွေ ဖြစ်လဲ သိရဲ့လား။ အဲ့ဟာတွေက ငါတို့ စျေးကို သွားနေတုံး ငါတို့ လှေရဲ့ ဖင်ကို အပေါက်တိတ် တိတ်လေး ဖောက်ထား ခဲ့တယ်လေ။ တကယ်လို့ ကျောက်ချင် သာ အဲ့ဟာ ကို ရှာမတွေ့ ခဲ့ရင် ပြန်ဖို့ အလျင်စလို ပစ္စည်း တင်နေတဲ့ ငါတို့တော့ ကမ်းခြေကို လက်ဗလာ နဲ့ ရေကူး လာရမှာကွ။ ပြီးတော့ လူတိုင်း စောင့်ဆိုင်း နေရတဲ့ ပစ္စည်းတွေ က ပင်လယ်ကြမ်းပြင် အထိ နစ်သွားတော့မှာကွာ။ ငါတို့က လှေကို ချက်ချင်းပဲ ပြင်ဖို့ လုပ်ခဲ့တယ်လေ။ ကံကောင်းစွာနဲ့ ပဲ ငါတို့က ပစ္စည်းတွေ ဝယ်လာတော့ ပြင်ရတာ ပိုပြီး အဆင်ပြေ သွားတာ ပေါ့လေ။ တကယ်လို့ ငါတို့မှာသာ လှေဆောက်တဲ့ အတွေ့အကြုံ သာ မရှိရင် ငါတို့တော့ ဒီည ပြန်မရောက် လာမှာကို ကြောက်မိတယ် ကွာ ''

ဟော်ဆန်းအာ က ပြောပြီးတော့ ရယ်လိုက်တယ်။

'' ပြီးတော့ ငါတို့က မဲမှောင်နေတဲ့ ပင်လယ် ပြင်ကြီး ကနေ ဖြတ်ပြီးတော့ အပြန်လမ်းကို ငါတို့ ခေါင်းထဲမှာ ရှိတဲ့ အတိုင်း ပြန်ပြီး လှော်ခဲ့ ရတာ။ ဒါတောင် တစ်ချို့နေရာတွေ မှားကွေ့ မိသေးတယ်။ လူတိုင်း ကို ငါတို့ ကျေးဇူး အရမ်းတင်တယ်။ မင်းတို့သာ မီးတုတ်တွေ ထွန်းညှိ ပြီးတော့ ငါတို့ကို ကမ်းနားမှာသာ မစောင့်ပေးရင် ငါတို့တော့ ကမ်းစပ်ဆီ ရောက်ဖို့ တစ်ဝဲလည်လည် ဖြစ်နေ အုံးမှာ။ ကမ်းစပ် ရောက်ရင်လည်း လမ်းကို စမ်းတဝါးဝါး နဲ့ ရှာရ အုံးမယ်။ ပြီးတော့ ပစ္စည်းတွေ ကလည်း အများကြီး ။ ငါတို့က အဲ့တာ တွေ အကုန်လုံးကို ဘယ်လို ပြန်သယ် လာရမလဲ မသိတော့ဘူး ။ ''

တံငါသည် (BL) Wo Geschichten leben. Entdecke jetzt