''အဲဒါက အမှန်တကယ် ဘယ်လိုမျိုးပါလိမ့်... အဲဒါက ပြီးခဲ့တဲ့တစ်ခေါက်မှာ ဆူးချပ်ဝတ်ကို ပွင့်ထွက်လုနီးနီးဖြစ်အောင် ချူဖုန်းအသုံးပြုခဲ့တဲ့ နည်းလမ်းလား... ချူဖုန်းကိုယ်ပေါ်မှာပါ ထိပ်တန်းစစ်လက်နက်တစ်ခု ရှိနေတာများ ဖြစ်နေမလား...''
အပြာရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ဦးဖြစ်သည့် ရွှီကျုံးယွီမှာ ချူဖုန်း၏ပြောင်းလဲမှုကို စူးစမ်းရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့လေသည်။ ချူဖုန်းအပေါ် ဖုံးလွှမ်းထားသည့် မဟူရာလိပ်ချပ်ဝတ်နည်းစနစ်ကို တွေ့ရှိလိုက်ရပြီးနောက် သူ့မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုဖြင့် ပြည့်နှက်နေ၏။

''မဟုတ်သေးဘူး... အဲဒါက ပြီးခဲ့တဲ့တစ်ခေါက်မှာ ချူဖုန်းအသုံးပြုခဲ့တဲ့နည်းလမ်းနဲ့ မတူဘူး... ပြီးခဲ့တဲ့တစ်ခေါက်မှာ ချူဖုန်းထုတ်ဖော်ခဲ့တာက သိုင်းကွက်တစ်ခုလေ... အရမ်းလွှမ်းမိုးနိုင်တဲ့ သိုင်းကွက်တစ်ခုဖြစ်တဲ့အပြင် သူပိုင်ဆိုင်ထားတဲ့အင်အားက ဘယ်အရာကမှ သူ့ကို တားဆီးနိုင်စွမ်းမရှိဘဲ အားလုံးကို ထိုးဖောက်ချိုးဖျက်နိုင်တဲ့အတိုင်းပဲ...''

''ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အဲဒါက လုံးဝပြောင်းပြန်ဖြစ်နေတယ်... သူအခုအသုံးပြုနေတာက တခြားနည်းလမ်းတစ်ခုဆိုပေမဲ့ အဲဒါကလည်း ထပ်တူသန်မာနေတယ်လေ...''

''သူ့မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ အကြွင်းမဲ့ခံစစ်တစ်ခု ပိုင်ဆိုင်ထားပြီး သူက ကျဲချင်းမင်ကို အဲဒီခံစစ်ရဲ့ အထောက်အပံ့နဲ့ တိုက်ခိုက်နေတာပဲ... အဲဒီနည်းလမ်းကို တခြားတစ်ယောက်ယောက်အပေါ် ချူဖုန်းအသုံးပြုတာကို ကျွန်တော် မမြင်ဖူးသေးဘူးလို့ပဲ ပြောရလိမ့်မယ်...''
ကူပေါ၏မျက်နှာတွင်လည်း အံ့သြတုန်လှုပ်မှုတို့ ပြည့်နှက်နေပြီး သူ့အဖို့ ချူဖုန်းအပေါ် ထွင်းဖောက်မြင်နိုင်စွမ်း နည်းသည်ထက်နည်းလာချေပြီ။ ချူဖုန်းဆုပ်ကိုင်ထားနိုင်သည့် နည်းလမ်းများမှာ အမှန်ပင် များပြားလွန်းလှပြီး သန်မာလွန်းနေသည်ဟု သူခံစားမိနေသည်။ သူက သူတို့ထက် များစွာသာလွန်နေလျက်ရှိသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)Unde poveștirile trăiesc. Descoperă acum