" ရှင်သံုး‌ေနကျ လက်ကိုင်ပဝါတစ်ခုလောက် ကျွန်မကို ပေးလို့ရမလား "

" မရှိဘူး ရှိလည်းမပေးဘူး လက်ကိုင်ပဝါကြီး‌ေဆာင်ထားရအောင်လည်း ငါကမိန်းကလေးလား "

" ရှင် ! "

နောက်က ဒေါသထွက်ပြီးကျန်နေခဲ့တဲ့သူမကိုတော့ ရှောင်းကျန့် ဂရုစိုက်မနေတော့ ။

" သခင်‌မလေးက ဒဲ့ဒိုးကြီး သွားတောင်းတော့ သူက ဘယ်လိုလုပ်ပေးမလဲ "

" ငါလည်း မသိဘူးလေ ရမလားလို့ပေါ့ "

" မိဖုရားကြီးက သုံးရက်အတွင်း ရှောင်းကျန့်ရဲ့သုံးနေကျပစ္စည်း တစ်ခုခုကို အမြန်ဆုံးလိုချင်ပါတယ်တဲ့ "

" သူက‌ ရှောင်းကျန့်ကို အောက်လမ်းနည်းနဲ့ အဆုံးစီရင်မလို့လား "

" အင်း ထင်တာပါပဲ "

_________

" ဟား နောက်ထက်တစ်လကျော်တောင် လိုသေးတာပဲ "

" ဘာလုပ်နေတာလဲ "

" Shit လန့်လိုက်တာ "

" ဘာတွေခိုးလုပ်နေလို့ လန့်နေတာလဲ "

" ဘာလုပ်လုပ်ပေါ့ ကိုယ့်အခန်းထဲမှာ ကိုယ်အခန်းထဲမှာ လုပ်တာပဲ "

" အော် ခင်ဗျားကြိုက်တဲ့ပြဇာတ်တစ်ခုရဲ့လက်မှတ်၀ယ်ထားတယ် အခု သွားကြည့်မလား "

" ဟမ့် "

" မကြည့်ဘူးလား "

" ကြည့်မှာလို့ ! "

" အဟင်းး "

ရှောင်းကျန့်က ဗီဒိုထဲက ၀တ်စုံတစ်ခုယူကာ ရေချိုးခန်းထဲ ၀င်သွားသည် ။

အရမ်းတွေကြာနေတာကြောင့် ၀မ်ရိပေါ် လှမ်းအော်ပြောလိုက်သည် ။

" ပြီးပြီလား အရမ်းတွေကြာနေပြီနော်
ရှောင်းကျန့် ! "

ခနအကြာမှ အခန်းထဲကနေ ဆူအောင့်အောင့်‌နဲ့ ရှောင်းကျန့်က ထွက်လာသည် ။

" ပြီးပြီ "

" ခနလေး "

" ဘာဖြစ်ပြန်တာလဲလို့ "

" ဆံပင်  "

" ...... "

စိတ်လျော့လိုက်ပြီး ဆံပင်ကို မှန်ထဲသွားကြည့်ကာ ဖြီးလိုက်သည် ။ ဟိုဘက်မှာဆို ဆံပင်ကို လက်နဲ့သပ်လိုက်တာနဲ့ ပြီးနေတဲ့ကိစ္စကို ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now