အပိုင်း (24.6)

Start from the beginning
                                    

လှည်းဆရာ ခမျာ ထိုလမ်းကို ခက်ခဲစွာနဲ့ မောင်းလာ ခဲ့ရလေတယ်။ တောင်လမ်း တစ်ဖက် က ရေတွေ ပြည့်နေတဲ့ ဧရိယာ ကြီးကို ကြည့်မိတော့ ထို လူလေး​ယောက် က သူတို့ နေထိုင်ရာ ဆီကို ဘယ်လိုတောင် ပြန်ပြီး လှေလှော်သွား မလဲ ဆိုတာက်ို သူမသိ တော့ပါပေ။

လှည်းသမား ကလည်း ပြန်ရမှာ ဖြစ်တဲ့ အတွက် အမြန်ပဲ ပြင်လိုက်​ကာ သူတို့နဲ့ အတူ စကား တွေ ပြောမနေတော့ပဲ သူတို့ရဲ့ အထုပ်တွေကို ကူပြီးတော့ ချ ပေးလိုက်လေတယ်။

လူလေးယောက် က အလုပ်တာ ဝန် ကိုယ်စီ ခွဲ ပြီးတော့ ပစ္စည်းတွေကို လှေရဲ့ တစ်ခြား တစ်ဖက်မှာ တင်ကြလေတယ်။

ဟော်ဆန်းအာ က ပစ္စည်းတွေ စုပုံတင် နေရင်းနဲ့ လှေရဲ့ဖင်ပိုင်း ကို စစ်ဆေး နေတဲ့ ကျောက်ချင်ကို တွေ့တော့ ပြောလိုက်တယ်။

'' မင်း ဘာလုပ်နေတာ လဲ? လှေပေါ်ကို ပစ္စည်းတွေ မြန်မြန် တင်လေကွာ။ မကြာခင် မှောင်လာတော့မှာ ကွ။ ငါတို့ လှေအမြန် ပြန်လှော် သွားကြ မယ်''

'' လှေကို ခြေတွေ လက် တွေနဲ့ တွန်းထုတ် ရအုံးမယ်လေ ''

ကျောက်ချင် က မတ်မတ် ရပ်နေ ပြီးတော့ သူ့ရဲ့ မျက်နှာ ကလည်း တည်ငြိမ်နေခဲ့ လေတယ်။ ဟော်ဆန်းအာ က သူ့လက်ထဲက ဟာကို နေရာ တကျ ချလိုက် ပြီးတော့ ခြေလှမ်း အနည်းငယ် နဲ့ လျောက်သွား လိုက်ကာ လှေနောက်ပိုင်း ကို သွားကြည့်လိုက်တယ်။

'' ဘာဖြစ်တာ လဲ။ လှေက ငါတို့လာတုံး ကတောင်မှ အဆင်ပြေ နေသေးတယ် မဟုတ်လား ''

'' လှေနဲ့ ပတ်သက်ပြီး ဘာမှား နေလို့လဲ? ဒါက အသေးလေး လာပြီးတော့ ဖောက်သွားတာ နဲ့ တူတယ်။ တကယ်လို့ ငါတို့သာ အဲ့တာကို မမြင်ပဲ သွားလိုက်မယ်ဆို ငါတို့တော့ သွားပြီပဲ! ''

စာရင်းကိုင် က ဒေါသ ထွက်စွာနဲ့ ပြောလိုက်တယ်။

'' ဒါက အရမ်း ရက်စက် ယုတ်မာ တာပဲ! ဒါကို ဘယ်သူလုပ်သွားတာ လဲ မသိဘူး။ သူတို့က တစ်ယောက် ယောက် ကိုများ အ​​သေ သတ်ချင်နေတာ လား မသိဘူး! ''

ကျောက်ချင် က မြေကြီးပေါ်မှာ လူတွေ အများကြီး လာပြီးတော့ ထွက်သွား တဲ့ ခြေရာတွေကို တွေ့လိုက် ရလေတယ်။

တံငါသည် (BL) Where stories live. Discover now