∆Final∆

2.8K 46 2
                                    

UNICODE

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

             𝔽𝕚𝕟𝕒𝕝  𝕊𝕖𝕘𝕞𝕖𝕟𝕥

သာယာသောမနက်ခင်းအချိန်မှာ
သူမပြင်ပေးထားတဲ့ကိတ်မုန့်ခွဲရင်းမှ
မိတ် ရင်ထဲအပျော်ကြီးပျော်နေမိသည်။
သူ့ကိုလက်ထပ်ချင်တယ်ဆိုတဲ့မိန်းကလေးကို
ရင်ဘတ်ထဲမှာထည့်ဖွက်ထားလို့ရရင်သိပ်ကောင်းမှာပဲ....။
အဲ့တာမှဘယ်သူမှမမြင်မတွေ့ရပဲ
သူတစ်ယောက်ထဲပိုင်ဆိုင်လို့ရမှာ.....။

ရလေလိုလေအိုတစ္ဆေလိုသူမလေးကိုကြည့်ရင်း
သူ့မှာအချစ်ပိုရပါ၏။

“အား.....”

မွေးနေ့ရှင်ကသူဆိုပေမဲ့သူမကဇွန်းလေးနဲ့
အရင်ခွံ့တာကြောင့်မိတ် ဟပေးလိုက်တော့
‌ခပ်သေးသေးကိတ်မုန့်လေးပါးစပ်ထဲရောက်လာသည်။
ဒါတွေမကြိုက်တတ်ပေမဲ့သူမလုပ်ပေးတယ်ဆိုတဲ့
အသိနဲ့ သူ့ပါးစပ်ထဲချိုမြနေ၏။

“ကောင်းလား ဦးမိတ်.....”

“အွန်း စားကြည့်.....”

ပြောပြီးဂုတ်သားပြည့်ပြည့်လေးကို
ဆွဲယူခြင်းခံလိုက်ရသလို သူ့နှုတ်ခမ်းနဲ့
ထိကပ်ပေးသည်။
ရာရာ မျက်စိလေးကလယ်ကလယ်ဖြစ်နေတော့
သူ့နှုတ်ခမ်းတွေပြုံးသွားရရင်းမှ အသင့်ရှိနေတဲ့
နှင်းဆီငုံလိုနှုတ်ခမ်းလေးကိုတစ်ဆင့်ချင်း
အရသာခံမိ၏။
သေချာတယ် ကိတ်မုန့်ထက်ပိုအရသာရှိတယ်ဆိုတာ...။

“ဦးမိတ် လွှတ်တော့.....”

ပန်းနာရင်ကျင်သမားမို့ သူ့ရဲ့အနမ်းတွေကို
ကြာကြာမခံယူနိုင်တာ စိတ်မကောင်းစရာပါ....။
သူကလဲမောဟိုက်နေတဲ့ရာရာ့ရဲ့နှုတ်ခမ်းကို
ပွတ်သုပ်ပေးရင်းမှ ကိုယ်လုံးလေးကို
ရင်ခွင်ထဲဖွဖွဆွဲဖက်ထားပေးသည်။
နွေးထွေးတဲ့ရင်အုပ်ကျယ်ကြီးကရာရာ့အပိုင်တဲ့...။

Rules Of The Heart {Complete}Место, где живут истории. Откройте их для себя