∆26∆

1.2K 22 0
                                    

UNICODE

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.


UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{26}    

“မာမီရယ်......”

မီးခိုးခေါင်းတိုင်ကတရိပ်ရိပ်တက်လာသော
အငွေ့တွေကို တမ်းတစွာကြည့်ရင်း
ရာရာ အားရှိပါးရှိငိုချမိပြန်သည်။
မာမီ ရာရာ့ကိုအဲ့လိုပဲလွယ်ကူစွာ
ထားခဲ့တော့မှာလား???

“ရာရာ တအားမငိုနဲ့တော့လေ.....
မင်းအမေကြည့်နေရင်လဲ
စိတ်ကောင်းမှာမဟုတ်ဘူး...”

တစ်ခါမှမတွေ့ခဲ့ဖူးတဲ့ဆွေမျိုးဆိုသော
လူတွေကလဲတစ်ယောက်တစ်ယောက်စီ
ရှိနေကြရင်းမှ ရာရာ တအိအိသာငိုနေမိ၏။
ရာရာ့ဘဝမှာ ဦးကလွဲရင် ဘယ်သူမှ
မရှိတော့ဘူးလို့ခံစားမိတယ်!!!

“ဟာ ရာရာ ကလေး.....”

နှုတ်ကနေနာမ်စားလေးတစ်ခုထွက်သွားရတာဟာ
ရုတ်ချည်းပြိုလဲကျသွားတဲ့သူမကြောင့်.....
မိတ် လန့်သွားသလိုသူမကိုယ်လေးကို
ဖမ်းထိန်းပေးလိုက်တဲ့အခါ ဆွေမျိုးတွေက
အလန့်တကြားနဲ့အနားကိုရောက်လာကြသည်။

မိတ် သူမကိုယ်လုံးကိုချီမရင်းမှ အနီးဆုံးမှာ
ရှိနိုင်တဲ့ဆေးရုံကိုသာပြေးလာခဲ့၏။
မကြာလိုက် နောက်ကနေကပ်မောင်းလာတဲ့
ကားကိုကြည့်လိုက်တဲ့အခါ သူမအဖိုးမို့ မိတ်မြန်မြန်
တက်ထိုင်လိုက်တဲ့အခါ လျင်မြန်စွာမောင်းထွက်လာခဲ့သည်။
စိတ်ထဲဆုတောင်းနေမိတာက သူမဘာမှ
မဖြစ်ပါစေနဲ့!!

........

“လူနာက ဖိအားတွေများပြီး
ကိုယ်တွင်းအားလဲနည်းနေလို့ပါ
အခုအားဆေးသွင်းပြီး ဆေးပါထိုးပေးထားတယ်
စိုးရိမ်စရာတော့မရှိတော့ပါဘူး.....”

Rules Of The Heart {Complete}Opowieści tętniące życiem. Odkryj je teraz