∆6∆

606 18 0
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


UNICODE

        𝕊𝕖𝕘𝕞𝕖𝕟𝕥{6}

“ဟို ရာရာ ပန်းချီဆွဲသင်ချင်လို့.....”

“ဘယ်လို မင်းက.....”

“ဟုတ်တယ်လေ ပြသနာရှိလို့လား....”

ပြောလိုက်‌တဲ့အခါမယုံသလိုဖြစ်သွားတဲ့သူ့ကြောင့်
ရာရာနည်းနည်းတော့ စိတ်ထင့်သွား၏။
သူကရာရာ မလုပ်နိုင်ဘူးလို့ထင်နေတာလား???

“သင်တာကပြသနာမရှိပေမဲ့ ငါ့မှာအချိန်မရှိဘူး....”

ပြောပြီး ခက်ရင်းခွပြန်ကိုင်ကာနှင်းဆီပင်ရဲ့
အမြစ်နားကိုဒူးထောက်ထိုင်လိုက်တာမို့
ရာရာ ဆေးအိတ်လေးကိုဘေးကပ်ကာ သူ့ဘေးကို
မသိမသာလေးတိုးသွားမိသည်။

“အဲ့လိုဆိုပေမဲ့ ရှင်ကပန်းချီတွေ
အများကြီးဆွဲဖူးတယ်လေ ရာရာကအခြေခံကျွမ်းတဲ့
လူဆီမှာပဲသေချာသင်ယူချင်တာ....”

“မင်း မြို့ပေါ်ကလာတာမလား??....”

သူမေးတာကြောင့်ရာရာ ခေါင်းညိမ့်လိုက်တော့
နှင်းဆီပန်းကိုအကြည့်ပြန်ရောက်သွားရင်းမှ

“မြို့ပေါ်မှာဒီလောက်ဆရာတွေပေါတာ
ဘာလို့ငါ့ကိုမှသင်ခိုင်းတာလဲ....”

‌သူမေးတာကြောင့်ရာရာ ရင်ထဲဒိန်းခနဲမြည်သွားသလို
ဖြေရှင်းရခက်တဲ့မေးခွန်းတွေရင်ထဲ ပဲ့တင်ထပ်သွား၏။

ရာရာတကယ်ပဲဘာကြောင့်သူ့ကိုမှ
သင်ခိုင်းချင်တာလဲ???
ဖိုးဖိုးတစ်ယောက်လုံးပန်းချီကိုလုံးစေ့ပတ်စေ့
ဆွဲတတ်နေတာ ရာရာသူ့ကိုမှသင်ပေးဖို့
ရွေးချယ်ခဲ့တာဟာဘာကြောင့်လဲ???

“ပိုက်ဆံမပေးချင်လို့လား....”

သူမေးပေမဲ့ရာရာ တိတ်ဆိတ်နေမိပြန်သည်။
နှလုံးသားထဲကထွက်လာတဲ့အဖြေက
သူ့ကိုတွေ့ချင်တာရယ် စိတ်ထဲမှာသူနဲ့
နီးနီးကပ်ကပ်ရှိနေချင်တာရယ်!!!!

Rules Of The Heart {Complete}Where stories live. Discover now