∆8∆

548 17 1
                                    

UNICODE

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{8}

“ဟို ဟို ဆောရီး....”

ရာရာ ရှက်ကိုးရှက်ကန်းနဲ့သူ့ကိုယ်ပေါ်က
‌ဖယ်ပေးရင်းမှ မျက်နှာလွှဲနေမိ၏။
သူကလဲဖုန်တွေခါထုတ်ရင်းမှရာရာ့ကို
စိတ်မရှည်သလိုကြည့်ကာ

“ရှပ်ပြာရှပ်ပြာနဲ့ ဘာဖြစ်လာတာလဲ.....”

“ဟို ပြစရာရှိတာနဲ့....”

ရာရာ စကားဆက်မပြောနိုင်ပဲနဲ့အိမ်ထဲဝင်လာကာ
ခုံမှာစိတ်အေးအောင်ဝင်ထိုင်လိုက်သည်။
သူကလိုက်ဝင်လာရင်းမှ ခုံရဲ့အစွန်မှာ
ဝင်ထိုင်တာမို့ရာရာ ဆတ်ခနဲဖြစ်သွားရင်းသူ့ကို
မသိမသာကြည့်မိသည်။
သူကလဲကြည့်နေတာနဲ့တိုးတော့ဖျက်ခနဲ
အကြည့်လွှဲလိုက်မိပြန်၏။

“ကယ် မပြတော့ဘူးလား...ဒီတိုင်းပဲ
တောင့်တောင့်ကြီးနေနေမှာလား....”

သူပြောတာကြောင့်ရာရာ ကျောလေးမတ်သွားရင်းမှ
စက္ကူလိပ်လေးမှာပေသွားတဲ့ရေစက်တစ်ချို့ကို
အညိုရောင်ဂါဝန်ရဲ့အနားစနဲ့သုတ်ပြစ်၍
သူ့ကိုကမ်းပေးလိုက်သည်။

သူကဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်တာကြောင့်
ဖွင့်ကြည့်ရန်ပြောတော့သူကဖွင့်ရင်းမှ
တဖြည်းဖြည်းငြိမ်ကျသွား၏။

“ငါ့ပုံပေါ့.....’

ပုံတူမဟုတ်ပေမဲ့အရာအားလုံးကို
သူနဲ့နီးစပ်အောင်ဆွဲထားတာကြောင့်
သူတန်းသိတော့ဝမ်းသာမိသည်။

“အဟင်း ရာရာတော်တယ်မလား....”

“တော်ပေမဲ့ငါ့ပုံကိုမင်းဂါဝန်နဲ့
သုတ်ချလိုက်တယ်ပေါ့လေ....ဘုန်းကံတွေတော့
မြင့်တော့မှာပဲ....”

Rules Of The Heart {Complete}Onde histórias criam vida. Descubra agora