∆17∆

547 17 1
                                    

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE

ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥

        𝕊𝕖𝕘𝕞𝕖𝕟𝕥{17}

“ရာရာ သမီး.....”

ဘယ်မှာမှရှာမတွေ့တာကြောင့်တစ်အိမ်လုံး
လိုက်ပတ်ရှာတဲ့အခါ ဒေါ်ညွှန်းဖွဲ့မောလာပြီဖြစ်သည်။
မျက်ရည်တွေလဲဝေ့သီလာရင်းမှ
တစ်ခါထပ်ရှာတဲ့အခါမှာအရိပ်အယောင်
စိုးစိမျှတောင်မတွေ့ရပေ.....။

“အန်တီ ရာရာပျောက်လို့လား......”

သူမတို့အဖိုးလိုက်ပတ်ရှာတာကြောင့်
ဖိုးသားသိသိချင်းပြေးလာကာမေးတဲ့အခါ
အန်တီညွှန်းဖွဲ့ကမျက်ရည်တွေနဲ့ခေါင်းညိမ့်လေ၏။
ဖိုးသား ဘေးနားကအဖွားကိုဝေ့ဝဲကြည့်ကာ
အန်တီ့ကိုအပြင်ထွက်လာရန်အချက်ပြလိုက်သည်။

“အန်တီ့ကိုကျွန်တော်ပြောမလို့ကိုအခွင့်မသာလို့
ရာရာလေ အန္တရာယ်ရှိတဲ့လူတစ်ယောက်စီ
သွားသွားနေတာကျွန်တော်တွေ့တာကြာပြီ....
ပြီးတော့အဲ့လူကဘာပြစ်မှုနဲ့မှန်းမသိပဲလဲ
ထောင်ကျခဲ့ဖူးတယ် ကျွန်တော်ဒီအကြောင်းတွေ
သိလို့ ရာရာ့ကိုတားတာသူကလက်မခံဘူး....
အခုလဲအန်တီအဲ့ကိုသွားကြည့်ရင်တွေ့နိုင်မယ်ထင်တယ်....”

ဖော်ကောင်လုပ်လိုက်ရပေမဲ့ကိုယ့်သူငယ်ချင်းကို
စိုးရိမ်တာမို့ဖိုးသားပြောလိုက်တဲ့အခါ
ဒေါ်ညွှန်းဖွဲ့မျက်ဝန်းတွေတလက်လက်စူးသွား၏။

“သူ့နာမည်ကဘယ်သူလဲသိလား.....”

“ကျွန်တော်နာမည်ပဲကြားဖူးတာ မဟာမိတ် တဲ့.....”

“ဟင်.....”

ထိုနာမည်ကိုကြားလိုက်ရတဲ့တစ်ခဏ
သူမတစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေ
တစ်စတစ်စဆူပွက်လာရင်းလက်သီးကို
ကျစ်နေအောင်ဆုပ်ထားမိသည်။
သမီးကိုပြန်ပြီးလက်စားချေတာလား????

Rules Of The Heart {Complete}Where stories live. Discover now