အပိုင်း(၁)

20K 473 5
                                    

Unicode

သခင်...။
သခင်တဲ့။သခင်ဆိုလို့ ကိုယ်ဟာသူ့ရဲ့အစေအပါးတော့မဟုတ်ပြန်ဘူး။
သခင်ဆိုတာမိမိတစ်ဦးတည်းသာခေါ်တဲ့နာမည်နာမတစ်ခု။

မိမိထက်အသက်အားဖြင့်၆နှစ်ကြီးတဲ့သူတစ်‌
ယောက်ကို သခင်ဟုသာ‌ခေါ်တွင်ခဲ့မိသည်။

သခင်ဆိုတဲ့ အမည်နာမကိုနှလုံးသား၏စေခိုင်းမှုအရခေါ်တွင်ခဲ့ပါသည်။

မည်သူတစ်ဦးတစ်‌ယောက်ကမှသခင့်ကို သခင်ဟုမခေါ်ခဲ့ကြပါ။
မိမိတစ်ယောက်တည်းကသာခေါ်ခဲ့သော တစ်ဦးဆိုင်နာမ်လေးဖြစ်သည်။

နာမည်စီးသွားသည်ထင်ပါရဲ့။
အဲ့ဒီနာမည်တစ်ခုကမိမိတစ်ဘဝလုံးကိုသခင်တစ်ယောက်လိုစိုးမိုးနေခဲ့‌တော့သည်။

ကိုယ်တိုင်ကိုက လိုလားစွာနဲ့အစိုးမိုးခံချင်မိခဲ့တာပါ။

သခင့်ရဲ့နာမည်အပြည့်စုံက
လွန်းညသခင် ....

*****

"ဖေဖေ..သမီးသခင့်ဆီသွားမလို့"

ခွင့်တောင်းခြင်းမဟုတ်၊အသိပေးခြင်းသာဖြစ်သည်။အမှန်ဆို ကိုယ်က‌ဖေဖေမလွှတ်လည်း သွားမှာပဲဖြစ်သည်။
သခင်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အသိစိတ်‌တွေက ထိုအချိန်ကတည်းက ပျက်သုန်းကွယ်ပျောက်သွားခဲ့တာပါ။
အတွေးထဲမှာသခင်သာပထမ၊သခင်သာဒုတိယ၊သခင်သာတတိယဖြစ်‌နေခဲ့ခြင်းပါ။

အရာရာတိုင်းမှာ သခင်သာပဲ။

"‌သမီးလေး လွန်းလေးဆီသွားမယ်ဆိုလိမ်လိမ်မာမာနေနော်"

ဖေဖေ့အပြော‌ကြောင့်နှုတ်ခမ်းလေးစူလိုက်မိသည်။

"ဖေဖေကလည်း သမီးကသခင့်အပေါ်ဆိုဘယ်တုန်းကဆိုးဖူးလို့လဲ..သခင်ကသာ သမီးကိုအနိုင်ယူတာပါနော်"

"ဟဟ..အေးပါသမီးရယ်..ဒါဆိုလည်းသမီးလေးကပဲအလျှော့ပေးပေါ့ကွယ်"

"ဖေဖေမပြောလည်း သမီးကအလျှော့ပေးပြီးသားပါ...သွားတော့မယ်ဖေဖေ"

မိမိသည် ဟိုဘက်ခြံနဲ့ဒီဘက်ခြံလေး ကပ်လျက်ကိုစက်ဘီးလေးနှင့်ကူးနေကျဖြစ်သည်။
အခုလည်း‌စက်ဘီးပေါ်သို့တက်ရင်း ဖေဖေ့အားအမြန်အော်ပြောသွားခဲ့သည်။

သခင် (Completed)Where stories live. Discover now