"ကိုယ်ကအသက်ကြီးနေပြီမီးငယ်ရဲ့"

"ဟင့်အင်း အန်ကယ်ကမအိုသေးပါဘူး။
ဒီလောက်ထိ နုနေတာကို"

"ရုပ်ရည်ကလိမ်လို့ရပေမဲ့ အသက်ကြီးပြီဆိုတာကိုကတော့ လိမ်လို့မရဘူးမီးငယ်ရဲ့။အဲ့တာကြောင့် ကိုယ် သန်တုန်း၊မြန်တုန်းလေးကို မီးငယ်မပေးချင်ဘူးလား"

"ဘာပေးရမှာလဲအန်ကယ်"

"ကလေးလေးတစ်ယောက်လောက်လေ"

"အာ...ဘာတွေလျှောက်ပြောနေတာလဲ"

"ဟား"

ရှက်သွားတဲ့မျက်နှာလေးကို မက်မက်မောမောကြည့်မိသည်။ထို့နောက် နှာတံလေးကို သူ့လက်ညိုးဖြင့် အသာဖိဆွဲကာ...

"မီးငယ်နဲ့တူတဲ့မျက်လုံး၊မီးငယ်နဲ့တူတဲ့ မျက်ခုံး၊မီးငယ်နဲ့တူတဲ့ မျက်နှာလေးရယ် ပြီးတော့ နှုတ်ခမ်းလေးတွေ၊လက်သွယ်သွယ်လေးတွေ ပါတဲ့ သမီးလေးတစ်ယောက်ရချင်တယ်မီးငယ်ရဲ့... မပေးချင်ဘူးလား"

"အန်ကယ်နဲ့တူတဲ့သားလေးပဲရချင်တာ။သမီးလေး မရချင်ပါဘူး"

"ဒါဆို ကိုယ်နဲ့တူတဲ့သားလေးရယ်၊မီးငယ်နဲ့တူတဲ့ သမီးလေးရယ်ကို ဒီလောကထဲခေါ်ထုတ်ကျမလား"

"ဟိုက်"

"ဒါဆို ကိုယ်ကြိုးစားရမှာပေါ့ကွ"

"အာ..."

ရှက်ရမ်း ရမ်းကာမျက်နှာလေးကိုသူ့ရင်ခွင်ထဲ ဖွက်လာပေမဲ့ သူကတော့အခွင့်အရေးကို လက်လွတ်မခံနိုင်ပါ။မျက်နှာလေးကိုဆွဲမော့ပြီး နှုတ်ခမ်းအိအိလေးကို
စုပ်ယူနမ်းရှိုက်လိုက်သည်။

"အွန့် .. အန်ကယ်"

"မီးငယ်က သနားဖို့ကောင်းပေမဲ့ ကိုယ်မရပ်နိုင်ဘူး။မီးငယ်နှုတ်ခမ်းတွေဆီက အော်ညည်းလာတဲ့ညည်းသံလေးကိုကြားချင်၊မျက်ရည်ကျအောင်ထပ်လုပ်ချင်တယ်။ဒါပေမဲ့ ကိုယ်မလုပ်ပါဘူး။မီးငယ်လေး အနားယူပါ"

"ဟင့်အင်း လုပ်ပေး။ကလေးလေးတွေရအောင် လုပ်ပေး"

"အဟား ...."

မီးငယ်ကိုယ်တိုင်ကခွင့်ပြုနေတာကို လွန်ဆန်နိုင်ဖို့ ခွန်အားကသူ့မှာမရှိပါ။မီးငယ်ကိုယ်လေးကို
ပွေ့ချီကာ သူ့ဗိုက်ပေါ်ချီတင်လိုက်သည်။

HUSBAND:DaddyWhere stories live. Discover now