Part - 23

23.3K 967 111
                                    

Unicode

"မီးငယ်က မင်းကိုကပ်တယ်နော်လင်းသိုက်"

"အင်း ကလေးပဲရှိသေးတာကို"

"အဲ့လိုလည်းမဟုတ်သေးပါဘူး။ငယ်ငယ်ထဲကကို မင်းဆီပဲကပ်တာ။မင်းတို့ကိုကြည့်ရတာ
ဘာနဲ့တူလည်းဆိုတော့ကွာ  ဟိုသားပိုက်ကောင်
သားအမိလိုပဲ။ ဘယ်သွားသွား ဒီကလေးက အမြဲတမ်းကပ်တွဲပြီးပါလာတာ"

ဂုဏ်နဂါးတစ်ယောက် သူ့ပေါ်မှာပဲအိပ်ပျော်သွားတဲ့မီးငယ်ကို မေးငေါ့ကာပြောနေတာမို့
ထင်လင်းသိုက်ရယ်မိ၏။သူတို့စကားဝိုင်းမှာ
မီးငယ်က ကြားညှပ်ပါလာသည်လေ။

ညလေထုအေးအေးကြောင့် ရင်ခွင်ထဲပိုပြီး တိုးဝင်လာတဲ့မီးငယ်ကျောကို ဖွဖွပုတ်ပေးရင်း သူ့ကျန်လက်တစ်ဖက်ကစားပွဲပေါ်တင်ထားတဲ့ ဝိုင်ကိုယူသောက်သည်။တိတ်ဆိတ်နေတဲ့
ညဥ့်နက်အချိန်ကြီးမှာ မအိပ်နိုင်သူတွေက
သူတို့၃ယောက်သာဖြစ်လိမ့်မည်။ထို့ကြောင့် မျှော်စင်viewကိုမြင်ရတဲ့ဝရံတာမှာ ထွက်ထိုင်နေခြင်းသာ။

"မင်းသန့် မင်းကဘာဖြစ်နေတာလဲလဒရယ် မသာကြီးမှိုင်သလို မှိုင်နေတာမြင်လို့မကောင်းဘူး။ ဘယ်ကောင်မလေးကဖြတ်သွားလို့
အသဲကွဲနေတာလဲ"

"ပြင်သစ်သူကိုလွမ်းနေရတာနဲ့ စောက်သည်းကွဲဖို့တောင်အချိန်မရှိဘူး ငါ့ကောင်ရာ"

"ဒါကချစ်မိသွားပြန်တာလား"

"သေချာတယ်"

"ဖြစ်ရပြန်ပြီ။မင်းလည်း ချစ်ပဲချစ်နိုင်လွန်းတယ်"

"မင်းဘိုးအေလို … လာပြောင်မနေနဲ့ ဒီတစ်ခါအတည်ခံစားနေရတာကွ"

ရှားရှားပါးပါးဆိုလာတဲ့စကားမို့ ဂုဏ်နဂါးတစ်ယောက် မင်းသန့်နားတိုးသွားသည်။

"ဘယ်သူလဲ။ဘယ်ကလဲ မင်းသိခဲ့လို့လား"

"နာမည်ကတော့ လော့ယန်လို့ခေါ်တာ ကြားလိုက်တာပဲ။ဘယ်မှာနေလဲတော့ ဘယ်လိုလုပ်ပြီးသိပါ့မလဲသူတောင်းစားရယ် နေရာသိမှတော့ မင်းပထွေးငါကဒီမှာထိုင်နေပါတော့မလား"

မှိုင်တွေကာ မီးငယ်ကိုတောင်မစနိုင်ပုံထောက်ရင် တကယ်ကြီးခံစားနေရတာလား ဂုဏ်နဂါးသံသယ ဖြစ်လာသည်။မျှော်စင်ကပြန်လာကတည်းက ပါလာတဲ့ အနက်ရောင်လက်ကိုင်ပဝါကို တသသဖြစ်နေကာ မျက်နှာဟာလည်း လုံးဝမရွှင်ပြတော့။

HUSBAND:DaddyWhere stories live. Discover now