Part - 32

19.8K 874 231
                                    

Unicode

ခြံထဲထိမဝင်ရသေးခင်အချိန် ခြံရှေ့မှာရပ်ထားတဲ့ ကားကြောင့် ထင်လင်းသိုက်စိတ်တွေ ရှုပ်ထွေးလာရသည်။သူတို့တောင်
လေဆိပ်ကနေ အိမ်ရောက်မလာရသေးခင် ယွန်းမီရဲ့ကားက ကြိုရောက်နေရဲ့…

"ကိုကောင်း … ကားမှန်တွေချပေးပါ"

"ဟုတ်ကဲ့ဆရာ"

"ဟာ မချနဲ့နော်ဦးလေးကောင်း။ ဟို၃ကောင်ကို အော်ရအုံးမှာလို့ နော် နော် အန်ကယ်"

"အိမ်ထဲရောက်မှအော်လေမီးငယ်"

"မရပါဘူး ကားပေါ်ကနေပဲအော်ချင်တာ"

အချေအတင်ဖြစ်နေတာမို့ ဒယ်ဒီ့ကုမ္ပဏီခွဲက အတွင်းရေးမှူးကိုကောင်းက သူ့ထံကြည့်လာ၏။

"အင်း ဒီတိုင်းပဲထားပေးလိုက်ပါ"

"အဲ့တာကြောင့်မို့ အန်ကယ့်ကိုချစ်တာ။
အန်ကယ်သန့်၊အန်ကယ်နဂါး ထကျတော့
အိမ်ရောက်ပြီလို့ … အိမ်ရောက်ပြီ"

အနောက်ကိုလှည့်ကာအော်လာတဲ့ မီးငယ်အသံက တော်တော်လေးကိုကျယ်တာမို့
တစ်ယောက်ပခုံးပေါ် တစ်ယောက်မှီပြီး အိပ်လာတဲ့နဂါးက ထိုတော့မှ လူးလဲကာထလာကာ…

"ရောက်ပြီလား မီးငယ်"

"ဟိုက်"

"ဟေ့ကောင် ထတော့ ရောက်ပြီတဲ့"

"ထတော့အန်ကယ်သန့် ! "

"ရေချယ်လင်းသိုက်တို့တော့ အသံကိုပြဲနေတာပဲကွာ"

"အန်ကယ်သန့် !!!! ထတော့လို့ !!!! "

"ဟာ ! အော်လိုက်တာမီးငယ်ရာ ပုရစ်လားကျလို့ အသံကစူးနေတာပဲ"

"ပုရစ်ကဘာကိုပြောတာလဲ"

"သြော် ချစ်စရာကောင်းတဲ့ အိမ်မွေးအကောင်လေးပါ"

"ဟုတ်လို့လားနော်"

"တကယ်ပါဆိုကွာ မီးငယ်ကအဲ့အကောင်လေးနဲ့ သိပ်တူတာ"

"အန်ကယ်လိမ်တယ်။ပုရစ်ကို မသိရအောင်
ရေချယ်ကအရူးလားလို့…မျက်လုံးပြူးပြူးနဲ့ အကောင်ကြီးဟာကို။ပြီးတော့ ဘာမှ ချစ်စရာလည်းမကောင်းဘူး လူလိမ်"

"ဟား ဟား မီးငယ်ကတော့"

မျက်လုံးကိုလက်နှစ်ဖက်ဖြင့်ချဲ့ရင်းပြောလာတဲ့ မီးငယ်ကြောင့် မင်းသန့်နဲ့နဂါးက အော်ရယ်နေပေမဲ့ ထင်လင်းသိုက်က ပြုံးမိယုံသာဖြစ်သည်။မီးငယ်အပြုအမှုတွေကို မြတ်နိုးစွာကြည့်နေရင်း ချစ်မဝနိုင်ဖြစ်ရ၏။

HUSBAND:DaddyWhere stories live. Discover now