Part - 4

31.5K 1.1K 42
                                    

Unicode

"မီးငယ်ကမှားတယ်ဆိုရင်တောင် မင်းရိုက်လိုက်တာက ပိုပြီးမှားတယ်လင်းသိုက်။ ကလေးကနောက်ဆိုလိမ္မာတော့မယ်ပြောနေတာပဲ"

"နောက်ဆိုလိမ္မာတော့မယ်လို့ပြောတာ အထာနဲ့ကွ နောက်ဆိုတာပြီးသွားပြီ...ရှေ့ကိုဆက်သွားနေ တာမဟုတ်ဘူးလား"

"အေးနော် မင်းပြောမှစဉ်းစားမိတယ်။ ဒါဆို
မီးငယ်က နောက်ဆိုလိမ္မာတော့မှာ ရှေ့ဆက်ပြီး မလိမ္မာဘူးပေါ့"

"ပေါက်ပြီလားအဓိပ္ပာယ်"

"မြန်မာစကားကို လည်လည်ဝယ်ဝယ်မပြောတတ်တဲ့ကလေးမို့သာပဲ ဒီထပ်သာလည်ရင်
ငါတို့ကို ရောင်းစားသွားမလားမသိဘူး"

သူတို့၃ယောက်ရဲ့စကားဝိုင်းဟာ ဦးတည်ရာမဲ့နေပြီ ရိုက်လို့အပြစ်တင်ချင်သလား...ဒါမှမဟုတ် မီးငယ်လည်တာကို အမွန်းတင်နေသလားမသိ ရောင်းစားသွားမလားမသိလို့ ပြောနေတဲ့ မင်းသန့်ပြုံးမောင်မျက်နှာက သဘောကျနေဟန်
သွား၃၂ချောင်း အကုန်ပေါ်လုနေသည်။

"ဒါနဲ့ အန်ကယ်Lသိုက်ကို မီးငယ်က ဘိုးအေကြီးလို့ ခေါ်လိုက်တာ တကယ်ပေါ့"

"အင်း"

"အန်ကယ်ငါတို့ကိုများဒေါသထွက်နေပြီလား မသိဘူးနော်... ငါ့အမှားပါကွာ ကလေးရှေ့ မဆင်မခြင်ပြောလိုက်မိတာ"

"အင်း"

"ကလေးကလည်းဘာသိတာမှမဟုတ်တာ။
အရင်ကလည်း စကားလုံးတစ်ခုကို သူသိသွားရင် ခဏတိုင်းပြောတတ်တဲ့အကျင့်ရှိတာပဲ"

"အင်း"

"ဟာ ဟေ့ကောင်လင်းသိုက်။အင်းချည်း ပြောမနေနဲ့ကွ...စကားလေးဘာလေးပြန်ပြောအုံး"

"အင်း"

"ငါ ဒီ ! ... အင်း မင်းတော့နော်"

ထင်လင်းသိုက်ဆိုတဲ့ရေခဲတုံးကို အရည်ဖျော်နိုင်သူ မရှိတဲ့ ဝရံတာမှာ ဘာစကားကြားရဖို့များ သူမျှော်လင့်နေတာလဲ။ထင်လင်းသိုက် ဆိုတဲ့ ကောင်က သူ့လင်းသိုက်ပေါက်စလေးကိုသာ ဆုံးမဆူပူဖို့ နှုတ်ဖွင့်ဟတတ်တဲ့သူသာ။

"ငါပြောမယ်...နောက်ဆို ကလေးကို မရိုက်နဲ့တော့နော် လင်းသိုက်။မီးငယ်ငိုတာက နည်းနည်း ဒီကောင်ဂုဏ်နဂါးကျတဲ့ မျက်ရည်နဲ့တင် ရေကြီးကုန်မှာဆိုးလို့ပါကွာ"

HUSBAND:DaddyWhere stories live. Discover now