အပိုင်း(၁၄)

Start from the beginning
                                    

"ရုပ်ဆိုးမ အပျက်မ နင်က ငါ့လို သခင်မလေး ကိုပမာမခန့်လုပ်ရဲတယ်။ နင့်ရဲ့ရုပ်ဆိုးတဲ့မျက်နှာကို ခွာချပြပြီး သေအောင် ရိုက်သတ်‌ပစ်မယ်"

ဆဲဆို အော်ဟစ်သံများနှင့်အတူ ရောက်ရှိလာသော ဓားချက်များကို အသာရှောင်တိမ်းရင်း ကြောင်တစ်ကောင်က ကြွက်ကို ဆော့ကစားသလို စိတ်တိုင်းကျ ချယ်လှယ် ဆော့ကစားနေတော့တယ်။

ဘေးမှ ပွဲထိုင်ကြည့်သူများမှာလည်း သူတို့နဲ့ အဝေးကို ရွှေ့သွားပြီး ထိုတစ်ဖက်သတ်ပွဲကို ကြည့်နေကျလေတော့တယ်။

"ငါကြည့်ရတာ အဲ့ မျက်နှာဖုံးနဲ့ မိန်းကလေးက အတော်လှမယ့်ပုံဘဲ ပြီးတော့ သိုင်းပညာက မခံနိုင်လောက်တဲ့ အခြေအနေမှာရှိတယ်။ကြည့်ပါလား ပွဲက တစ်ဖက်သက် ကြီးဆိုတာ သိသာနေတာကို"

ဘေးကလူများရဲ့ စကားသံများကြောင့် ပိုမိုဒေါသထွက်လာကာ ခုတ်ချက်များမှာ ပရမ်းပတာဖြင့် ကလေးတစ်ယောက်ကို ဓားတစ်ချောင်းပေးထားလိုက်တဲ့အခါမှာ ဦးတည်ရာမရှိ ဓားကိုရမ်းခုတ်နေသလိုမျိုး ပုံစံဖြစ်နေလေသည်။ ဒါ့အပြင် ထိုကောင်မလေးရဲ့ တစ်ကိုယ်လုံးမှာလည်း သူမလက်ချက်ဖြင့်သွေးချင်းချင်းနီနေလေပြီ

ထိုအခါမှသာ ဆရာတူအစ်ကိုဆိုသူမှ သူမဘက်သို့လှည့်ကာ "ဒီက သခင်မလေးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ တခြားတည်းခိုဆောင် ရှာလိုက်မှာမို့ ကျွန်တော့် ညီမ ကို လွှတ်ပေးလို့ရမလားဗျ" သူမကို အရိုအသေပြုကာ တောင်းဆိုလာတဲ့ ထိုသူ့စကားကြောင့် ထိုကောင်မလေးကို လွှတ်ပေးလိုက်တော့တယ်။

"လန်ယင်းကော ဘာလို့ အဲ့ရုပ်ဆိုးမကို တောင်းပန်နေတာလဲ။ သူ ညီမကို အနိုင်ကျင့်တယ် သူ့ကို သေအောင်ရိုက်ပစ် မဟုတ်ရင် အဖေနဲ့ တိုင်ပြောမယ်။"

"တော်တော့ ထျန်းထျန်း ဒီကိစ္စကို ပြန်ရောက်မှ ဂိုဏ်းချုပ်ကို ငါကိုယ်တိုင်ပြောပြီး အပြစ်ခံယူမယ်။ အခုတော့ မင်းလုပ်တဲ့ အပြစ်ကို မင်းမသိသေးဘူးလား။လူတိုင်းက မင်းပြသနာရှာလို့ရတဲ့ သူမျိုးမဟုတ်ဘူးကွ အဲ့မိန်းကလေးကို ငါသေချာ လေ့လာပြီးသွားပြီ သူက ခန့်မှန်းမရတဲ့ အဆင့်ရောက်နေပြီ။ သူ့ရဲ့အဆင့်ကို မမြင်ရရုံတင်မကဘူး ခုနက မင်းနဲ့တိုက်တုန်းကလည်း ဘာသိုင်းပညာမှထုတ်မသုံးဘူး။ သွားမယ် ငါ့နောက်ကနေ လိမ်လိမ်မာမာလိုက်ခဲ့ ပြသနာ မရှာနဲ့တော့ ကြားလား"

"ဆရာတူအစ်ကို"
သူ စူးစိုက်ကြည့်လိုက်မှ ကြောက်ကြောက်လန့်လန့်ဖြင့် ငြိမ်သွားတဲ့ ထျန်းထျန်း

"ခုနက ကိစ္စအတွက် ကျွန်တော်ကဘဲ အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော်က အကြီးဖြစ်ပြီး အငယ်ကို မထိန်းသိမ်းနိုင်တဲ့အတွက် ဒီကသခင်မလေး ခွင့်လွှတ်ပါ။ ကျွန်တော့နာမည်က လန်ယင်းပါ ကျွန်တော်က ထန်းရင်ဂိုဏ်းက ဂိုဏ်းချုပ်ရဲ့ တပည့်အကြီးဆုံးပါ ဖြစ်နိုင်မာ်ဆိုရင် ဒီက သခင်မလေးရဲ့ နာမည်ကို သိခွင့်ရှိမလား မသိဘူး။ နောက်ဆုံတွေ့ခဲ့သည်ရှိသော် ဒီနေ့ဖြစ်သွားတဲ့ ကိစ္စအတွက် သေသေချာချာ တောင်းပန်ချင်လို့ပါ။"

"မလိုပါဘူး ခုနက ကျွန်မပြန်လုပ်လို့ သူလည်း ဒဏ်ရာရပြီးပြီဘဲ ကျေအေးလိုက်ပါ့မယ် ဒီကိစ္စကို နာမည်ကတော့ ကျွန်မတို့ နောက်လည်း ထပ်မတွေ့မဲ့အတူတူ မသိတာဘဲ ကောင်းပါမယ်။ ဒါဆို ကျွန်မ နားချင်ပြီမို့ ခွင့်ပြုပါအုံး"

ပြောချင်ရာ ပြောပြီးနောက် သူမလည်း သူမ အခန်းသို့ ထွက်လာခဲ့လိုက်တော့တယ်။



"သခင် ... သခင်မကို စော်ကားတဲ့ သူရှိပါတယ်။သူက ##$#__&$@"

"ငါကိုယ်တော့် ဇနီးလေးကို စော်ကားမှတော့ အဲ့သူ တစ်သက်လုံး ရှင်လျက်နဲ့ စကားမပြောနိုင်အောင် လုပ်ပစ်လိုက် ဒုက္ခိတ ဖြစ်သွားရတဲ့ ဘ၀ကို ခံစားခိုင်းလိုက်"

"နောက်ဆို ငါ့ဇနီးလေးကို ထိခိုက်သူမှန်သမျှ သေတာထက်ဆိုးအောင် လုပ်ဖို့ မင်းကို ငါကိုယ်တော် တာ၀န်ပေးမယ်။"

"ဟုတ်ကဲ့ပါ သခင် ကျွန်တော်မျိုး လုပ်ဆောင်လိုက်ပါမယ်"

သခင်က ကြောက်ဖို့ကောင်းလိုက်တာ သခင်မကို မှဲ့တစ်ပေါက်စွန်းအောင် ကာကွယ်ရမယ်

ဇနီလေး အချိန်ခဏဘဲစောင့်ပေးကြာခင် ကိုယ် ဇနီးလေးအနားကို လာခဲ့မယ်

(A/N ဘယ်သူလည်း မသိဘူးနော် ဇနီးထိ ဓားကြည့်ဘဲ ကြောက်ဖုတ်ကောင်းတာ🤧🤧)

I got a wife as the system Where stories live. Discover now