Chanyeol ကတော့ Byun group ဘက်ကပဲ လက်ခံပါစေဦးလို့ဆုတောင်းသည်။သူ့အနေနဲ့က တွယ်တာရတဲ့ကလေးမို့ လက်ထပ်ရလည်းအဆင်ပြေသည်။အဲ့ကလေးကို အနားမှာခေါ်ပြီးစောင့်ရှောက်ထားချင်စိတ်က အရင်ကတည်းကရှိပါသည်။ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ပေါ့။

.................................................................................

"လာကြ လာကြ သားအဖတွေ"

မင်္ဂလာကိစ္စပြန်ပြီးကမ်းလှမ်းထားတာတောင် Chanyeol တို့သားအဖကို ပျူပျူငှါငှါကြိုဆိုနေသည့် ဥက္ကဌ Byun က တကယ်ပဲ ကမ်းလှမ်းမှုကို လက်ခံလိုက်တာလားလေ။

"နေကောင်းတယ်မလား သူငယ်ချင်း"

"ကောင်းပါ့ကွာ"

Chanyeol တို့သားအဖ ဥက္ကဌ Byun နှင့်အတူ ဧည့်ခန်းထဲမှာဝင်ထိုင်လိုက်ကြသည်။

"ဦးလေး ဒါ စပိန်ထုတ်ဝိုင်ပါ"

"ဟေ ဟုတ်လား၊ အေးပါငါ့တူရာ ကျေးဇူးပဲ"

Chanyeol ကမ်းပေးလိုက်တဲ့လက်ဆောင်ကို ဥက္ကဌ Byun ကပြုံးပြုံးရွှင်ရွှင်ဖြင့်လက်ခံသည်။

"ဗိုက်ဆာကြပြီလားကွ၊ အကုန်ချက်ပြုတ်ပြီးသွားပြီနော်"

"မဆာသေးပါဘူးကွာ၊ အခုမှ အစောကြီးရှိသေးတယ်၊ စကားလေးဘာလေး ပြောကြတာပေါ့"

"အေးပါ အေးပါ"

ထိုသို့ဖြင့် အဖေက Chanyeol ကိုတစ်ချက်ကြည့်ပြီးမှ မင်္ဂလာကိစ္စစကားစဖို့ပြင်သည်။

"သူငယ်ချင်း၊ ငါကမ်းလှမ်းထားတဲ့ကိစ္စ မင်းဘယ်လိုသဘောရလဲ"

အဖေမေးလိုက်တဲ့အခါ ဥက္ကဌ Byun ကအသာပြုံးသည်။

"ဘယ်လိုသဘောရရမှာလဲကွာ၊ ဒီကိစ္စကိုအရင်လိုလားခဲ့တာက ငါမဟုတ်လား၊ အခုလို မင်းတို့ဘက်ကလည်းလက်ခံတော့ ဝမ်းသာရတာပေါ့ကွာ"

ထိုအခါ အဖေက Chanyeol ရဲ့ပုခုံးကိုပုတ်ပြီး အားရပါးရပြုံးလိုက်သလို Chanyeol လည်းပြုံးလိုက်မိပါသည်။ဥက္ကဌ Byun ဟာ တကယ်ပဲ သူ့သားလေးကို Chanyeol နဲ့မှစိတ်ချသည်ထင်သည်။မင်္ဂလာကိစ္စကလွဲ တခြားဘာကိစ္စမှာ စိတ်ထဲမရှိတဲ့ပုံပင်။

"Chanyeol"

"ဟုတ်ကဲ့"

ဥက္ကဌ Byun ကလေသံအေးဖြင့် ခေါ်လာတာမို့ Chanyeol ပြန်ထူးလိုက်သည်။

Warm Love (Completed)Where stories live. Discover now