Chanyeol ဟာငယ်ငယ်လေးကတည်းက အဖေ့စကားတစ်ခွန်းဆိုတစ်ခွန်း နာခံခဲ့သည်။အဖေ့အလိုလိုက် အကြိုက်ဆောင်ဘဝဖြင့် နေခဲ့ပါသည်။

အဖေက ဒေါသကြီးသည်။အတ္တကြီးသည်။နောက်ပြီး စိတ်မြန်လက်မြန်သမားဖြစ်သည်။Chanyeol ကလည်းအဖေ့သားဖြစ်တာမို့ အဖေ့အမွေဆက်ခံပြီး ဒေါသကြီးသည်။စိတ်မြန်လက်မြန်ရှိသည်။သို့ပေမယ့်လည်း အဖေနဲ့မတူတာတစ်ခုက အတ္တမကြီးဘဲ ကိုယ်ချင်းစာစိတ်အပြည့်ရှိပါသည်။ဒါဟာ အမေ့ဆီကအမွေရထားတာလားတော့မပြောတက်။နောက်ပြီး Chanyeol ကအဖေ့ထက်ပိုပြီးစိတ်ပြတ်သည်။

အခု Chanyeol ကိုအဖေတစ်ချက်လွတ်အမိန့်ပေးလိုက်တဲ့ကိစ္စက အိမ်ထောင်ပြုဖို့ကိစ္စဖြစ်သည်။ဒါဟာ လုပ်ငန်းပြန်လည် လည်ပတ်ရေးအတွက်ဆိုတာကို Chanyeol သိသည်။

Byun group ဆိုတာကနည်နည်ရရမှမဟုတ်ဘဲလေ။စီးပွါးရေးလုပ်ငန်းတွေမှာ ထိပ်တန်းပြေးနေတာဖြစ်ပြီး အမှန်အတိုင်းပြောရလျှင် Park group ထက်တောင်ကြီးမားသေးသည်။

Byun group နှင့် Park group ဆိုတာက အတော်လေးရင်းနှီးကျွမ်းဝင်ကြသည်။Chanyeol အဖေနှင့် Byun group ဥက္ကဌနဲ့ကကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်သည်။နောက်ပြီး Byun group ရဲ့တစ်ဦးတည်းသောသားလေး Byun Baekhyun ကလည်း Chanyeol ခင်မင်တွယ်တာရတဲ့ကလေးတစ်ယောက်ပင်။

ပွင့်လင်းမြင်သာလာတဲ့ ဒီဘက်ခေတ်မှာ Chanyeol နှင့် Baekhyun ကိုနေရာချပေးထားရန် Byun group ဘက်ကတောင်းဆိုထားပေမယ့် အဖေကအင်းမလုပ်အဲမလုပ်နေခဲ့သည်။Byun group ကသူ့သားလေးကို Chanyeol နဲ့မှစိတ်ချပေမယ့်လည်း အဖေကကျတော့ အသက်အရွယ်နဲ့သင့်တင့်တဲ့ဥာဏ်ရည်မရှိတဲ့ ထိုကောင်လေးကို Chanyeol နဲ့ပေးစားဖို့အတွက်တွန့်ဆုတ်ခဲ့သည်။သို့သော် အခုအချိန်မှာတော့ ကောက်ရိုးတစ်မျှင်ဆိုရင်တောင်ဆွဲထားမယ့် Chanyeol ရဲ့အဖေက ကမ်းလှမ်းမှုကိုလက်ခံဖို့ပြင်နေပါသည်။

အခုနေမှလက်ခံလိုက်ရင် သေချာပေါက်လုပ်ငန်းကြောင့်ဆိုတာကို အကုန်ရိပ်မိပြီး အတင်းအဖျင်းပြောမှာကိုလည်း အဖေခေါင်းထဲမထည့်တော့ဘူးထင်ပါသည်။Chanyeol ရဲ့အဖေက ထိုသို့သူကောင်းမယ်ဆိုလျှင် ဘာမဆိုလုပ်မည့်လူစားဖြစ်သည်။

Warm Love (Completed)Where stories live. Discover now